အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ချင်းမိုင်တွင် ဆွေးနွေးမည်

အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ချင်းမိုင်တွင် ဆွေးနွေးမည်

ရပ်တန့်လျက်ရှိသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဆက်လက်ကျင်းပနိုင်ရေးအတွက် အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် NCA လက်မှတ်ထိုးအပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် NCA-S EAO ၁၀ ဖွဲ့တို့ သြဂုတ် ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌  တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

"ဒါက NCA လမ်းကြောင်းအတိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်သွားဖို့ အားလုံးက stakeholder တွေ သဘောတူတဲ့အတိုင်း လုပ်တာပါ" ဟု အစိုးရငြိမ်းချမ်းရေးကော်မရှင် အကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေက ပြောသည်။

အဆိုပါတွေ့ဆုံမှုသည် ၁၀ လကြာခန့်ရပ်နားခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံညီလာခံ(စတုတ္တအစည်းအဝေး) ကျင်းပနိုင်ရေး အကြိုညှိနှိုင်းဆွေးနွေးခြင်းဖြစ်သည်။

အလားတူ ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ်ရပ်တည်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သည့်အစုအဖွဲ့ (stakeholders) များနှင့်အတူ ညှိနှိုင်းပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သြဂုတ်လ ၉ ရက်တွင်  ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဖေါ်ဆောင်နိုင်ရေးအတွက် ၄ ကြိမ်မြောက် NCA-S EAO အလုပ်အဖွဲ့အစည်းအဝေးကိုလည်း သြဂုတ်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ချင်းမိုင်မြို့၌ ကျင်းပလျက်ရှိပြီး  ရလဒ်များကို သြဂုတ်လ ၂၁ ရက်နေ့တွင် ကျင်းပမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်မှုအဖွဲ့ PPST စည်းဝေးတွင် တင်ပြသွားမည်။

ကရင်အမျိုးသားအစည်းအရုံး KNU, သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS, မွန်ပြည်သစ်ပါတီ NMSP, ချင်းအမျိုးသားတပ်ဦး CNF, မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF, ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ ALP, ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO, ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA, ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC နှင့် လားဟူဒီမိုကရက်တစ်ယူနီယံ LDU တို့ ၁၀ ဖွဲ့ NCA လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။

Photo- ချင်းမိုင်မြို့၌ ကျင်းပနေသော ၄ ကြိမ်မြောက် NCA-S EAO အလုပ်အဖွဲ့အစည်းအဝေး(Myo Win)

   

May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...