ရခိုင်စစ်ရှောင်စခန်းများရှိ မသန်စွမ်းသူများအားကူညီရန် စာရင်းကောက်ယူ

ရခိုင်စစ်ရှောင်စခန်းများရှိ မသန်စွမ်းသူများအားကူညီရန် စာရင်းကောက်ယူ

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးရှောင်စခန်းများမှ မသန်စွမ်းသူများကို ကူညီနိုင်ရန်အတွက် ယခုလကစပြီး စာရင်းကောက်ယူနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်မသန်စွမ်းသူများအသင်းမှ သိရသည်။

လက်ရှိမှာ မင်းပြားမြို့နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်စခန်း ၉ ခုအနက် စခန်း ၄ ခုအထိ စာရင်းကောက်ယူပြီးဖြစ်ကာ ကျန်စခန်းများကိုလည်း ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

အခြားသော စစ်ဘေးရှောင်စခန်းတည်ရှိသည့် မြို့နယ်များတွင်လည်း မသန်စွမ်းသူများစာရင်းကို အသင်းဝင်များက ကောက်ယူလျက်ရှိကြောင်း ရခိုင်ပြည်နယ် မသန်စွမ်းသူများအသင်းဥက္ကဋ္ဌ ဦးလှမြင့်ကပြောသည်။

“ကျနော်တို့မှာ ဘတ်ဂျက်ကလည်းမရှိတော့ ကိုယ့်စရိတ်နဲ့ကိုယ်သွားရတာ။ ဆိုတော့ အခြားမြို့နယ်တွေမှာ ကျနော်တို့အသင်းကရှိတဲ့သူတွေ အခက်အခဲရှိရင်လည်း လက်လှမ်းမီသလောက်ကူပေးပါ ဆိုပြီးတော့ ပြောထားတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေသည့် စစ်ဘေးဒုက္ခသည်များထဲတွင် မသန်စွမ်းသူများပါဝင်နေသော်လည်း ၎င်းတို့အတွက် သီးခြားကူညီထောက်ပံ့မှုများမရှိကြောင်း ရခိုင်ပြည်နယ် မသန်စွမ်းသူများအသင်းမှ သိရသည်။

ယခုကောက်ယူနေသည့် မသန်စွမ်းသူများစာရင်းအား မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့ချုပ်သို့ တင်ပြသွားမည်ဖြစ်ပြီး မသန်စွမ်းသူများအတွက် ၎င်းအဖွဲ့ချုပ်က ကူညီထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဦးလှမြင့်က ပြောသည်။

စစ်ဘေးရှောင်စခန်းများမှ မသန်စွမ်းသူများအပြင် အခြားစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိသူများကိုလည်း ကူညီထောက်ပံ့ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးလှမြင့်က ဆက်ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲများပြင်းထန်နေမှုကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး လက်ရှိအချိန်မှာ စစ်ဘေးဒုက္ခသည်ဦးရေ ၆ သောင်းခန့်အထိ ရှိလာပြီဖြစ်သည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...