ဗိုလ်မှူးကြီးမင်းသန်းကို ရခိုင်ပြည်နယ်လုံ/နယ်ဝန်ကြီးအဖြစ် ပြည်နယ်လွှတ်တော်မှအတည်ပြု

ဗိုလ်မှူးကြီးမင်းသန်းကို ရခိုင်ပြည်နယ်လုံ/နယ်ဝန်ကြီးအဖြစ် ပြည်နယ်လွှတ်တော်မှအတည်ပြု

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနေရာတွင် ဗိုလ်မှူးကြီးမင်းသန်းအား တာဝန်ပေးအပ်ကြောင်း ပြည်နယ်လွှတ်တော်မှ ယနေ့အတည်ပြုခဲ့သည်။

ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့် နေရာတွင် ဗိုလ်မှူးကြီးမင်းသန်းအား ပြောင်းလဲခန့်အပ်ရန် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက သြဂုတ်လ ၁၄ ရက်နေ့ လွှတ်တော်တွင်တင်သွင်းခဲ့ပြီး ကန့်ကွက်သူမရှိသဖြင့် ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်း ကြေငြာခဲ့သည်။

ယခုတာဝန်အား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအသစ် ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တပ်မတော်နဲ့ဆိုင်တဲ့ ဥပဒေတွေရှိပါတယ်။ အဲ့ဒါနဲ့ပတ်သက်တဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နောက်ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၈၁ ကနေ ၃၉၀ ထိတို့ အားလုံးလိုက်နာဆောင်ရွက်ရမယ့် အချက်တွေပဲဖြစ်ပါတယ်။ ပြည်သူတွေအားလုံးကလည်း လိုက်နာဆောင်ရွက်ပြီးတော့ အေးချမ်းသာယာတဲ့ အခြေအနေရောက်အောင် ကြိုးစားလုပ်သွားမယ်” ဟု ဗိုလ်မှူးကြီးမင်းသန်းက ဆိုသည်။

ဗိုလ်မှူးကြီး မင်းသန်း အနေဖြင့် ရခိုင်ပြည်နယ်ကိစ္စရပ်များကို အဆင်ပြေပြေ ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

“ကျနော်တို့ မျှော်လင့်ချက်တစ်ခုထားတာကတော့ ရခိုင်ပြည်နယ်မှာ ပြဿနာတွေရှိတယ်။ ပြည်တွင်းပြဿနာတွေ၊ နောက်ဘင်္ဂါလီပြဿနာတွေရှိတယ်။ အဲ့ဒီပြဿနာတွေ လုပ်ကိုင်ဆောင်ရွက်တဲ့အခါ နယ်/လုံ ဝန်ကြီးအသစ်အနေနဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ ပိုပြီးအဆင်ပြေချောမောလာမယ်လို့ မျှော်လင့်ထားတယ်” ဟု မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၈ လကျော် ကြာမြင့်လာခဲ့ပြီး တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် ၆ သောင်းခန့်အထိရှိလာသည်။ တိုက်ပွဲကာလအတွင်းတွင် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုနှင့် ဖမ်းဆီးခံရမှုများလည်း ရှိသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...