စွပ်စွဲရေးသားမှုများမလုပ်ရန် ချင်းလူ့အခွင့်အရေးအဖွဲ့နှင့် ချင်းအမည်ခံ သတင်းဌာနအချို့ကို AA ပြော

စွပ်စွဲရေးသားမှုများမလုပ်ရန် ချင်းလူ့အခွင့်အရေးအဖွဲ့နှင့် ချင်းအမည်ခံ သတင်းဌာနအချို့ကို AA ပြော

ချင်းလူ့အခွင့်အရေးအဖွဲ့အစည်းနှင့် ချင်းအမည်ခံ သတင်းဌာနအချို့အနေဖြင့် သတင်းများကို ရေးသားထုတ်ပြန်ရာတွင် သေချာစွာစိစစ်ရန်လိုအပ်ပြီး မျှတသောစဉ်းစားမှုများဖြင့် ထိန်းထိန်းသိမ်းသိမ်းရေးသားကြရန် ရက္ခိုင့်တပ်တော်(AA)က တိုက်တွန်းကြောင်း သြဂုတ်လ ၁၄ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

၎င်းတို့မှာ ရက္ခိုင့်တပ်တော်(AA)အပေါ် အခြေအမြစ်မရှိဘဲ စွပ်စွဲရေးသားနေမှုများ၊ ရခိုင်နှင့် ချင်းလူမျိုးများအကြား ရန်တိုက်ပေးသောအရေးအသားမျိုးဖြင့် ရေးသားနေသည်ကို တွေ့မြင်နေရကြောင်း AA က ဆိုသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့အစည်းနှင့် ဆိုရှယ်မီဒီယာပေါ်တွင် ချင်းအမည်ခံသတင်းဌာနအချို့၏ စွပ်စွဲရေးသားနေမှုများသည် ယခင်က နားလည်မှုလွဲမှားနေသည်ဟု မှတ်ယူသော်လည်း နောက်ပိုင်းတွင် ရည်ရွယ်ချက်ရှိရှိ ထိုးနှက်တိုက်ခိုက်ရေးသားနေသည်ကို တွေ့လာရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

“ချင်းနဲ့ပတ်သက်ပြီး သုံးသပ်မိတာက ချင်းအမည်ခံသတင်းဌာနတွေက ဆိုရှယ်မီဒီယာထက်မှာ ရက္ခိုင့်တပ်တော်အပေါ် အခြေအမြစ်မရှိ ရေးသားနေတာကိုတွေ့ရတယ်။ ဒါကတော့ ရည်ရွယ်ချက်ရှိရှိ ကျွန်တော်တို့ အဖွဲ့အစည်းအပေါ်မှာ မနာလိုမုန်းတီးခြင်းနဲ့ လုပ်ကြံဖန်တီးရေးသားနေတာဖြစ်တယ်” ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

၎င်းတို့စွပ်စွဲပြောဆိုနေသည့် အကြောင်းအရာများထဲတွင် ချင်းမျိုးနွယ်စုများအား ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ နှိပ်စက်ခြင်း၊ အတင်းအဓမ္မစေခိုင်းခြင်းတို့ဖြစ်ပြီး ၎င်းကိစ္စရပ်များသည် AA နှင့် ပတ်သက်မှုလုံးဝမရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ပလက်ဝမြို့နယ်၊ ကင်းတလင်းကျေးရွာသားများနှင့် ပတ်သက်၍ ရေးသားမှုများမှာလည်း တာဝန်ခံမှုမရှိဘဲ ရေးသားနေသည့် သတင်းအမှားများသာဖြစ်သဖြင့် ထိုသို့ရေးသားနေသူများအား ကန့်ကွက်ကြောင်း AA က ဆိုသည်။

ယခုကဲ့သို့ တာဝန်ခံမှုမရှိသည့် ရေးသားချက်များသည် မြန်မာအစိုးရ၊ တပ်မတော်နှင့်ပူးပေါင်းကာ မိမိတို့အား နိုင်ငံရေးအရ တိုက်ခိုက်သောထိုးနှက်ချက်တစ်ခုဟူ မှတ်ယူကြောင်းနှင့် ထိုသို့ စွပ်စွဲရေးသားချက်များသည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတကာမသားစုများမှ မိမိတို့အား အထင်အမြင်လွဲမှားစေရန် စွပ်စွဲရေးသားချက်တစ်ခုသာဖြစ်ကြောင်းလည်း AA မှ တုန့်ပြန်ပြောဆိုသည်။

ယခုကဲ့သို့ AA ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မည်သည့်ကိစ္စတွင်မှားသည်ဆိုသည်ကို အချက်အလက်နှင့် ချပြရန်လိုအပ်ကြောင်း ချင်းနိုင်ငံရေးလှုပ်ရှားသူတစ်ဦးက ထောက်ပြသည်။

“အချက်အလက်မှားတယ်ဆိုရင် အချက်အလက်မှားတယ်ဆိုတာလောက်ပဲပြော။ ဒီကိစ္စတွေကြောင့် ရခိုင်နဲ့ချင်းကြားမှာ ဘာမှ လူမျိုးရေးထိခိုက်နိုင်စရာအကြောင်းမရှိဘူး။ ရခိုင်တွေ၊ ချင်းတွေ ပြည်သူလူထုအချင်းချင်းက ဘာမှ အမြင်စောင်းစရာလည်းမရှိဘူး” ချင်းနိုင်ငံရေးလှုပ်ရှားသူ ဆလိုင်းကျေးအိုဘိပ်ထောင်းက ပြောသည်။

ဓာတ်ပုံ - အေအေ

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...