စစ်တွေအဝေးပြေးကားဂိတ်သစ် လာမည့် ၂၀၂၀ မှာပြီးစီးမည်ဟု ခန့်မှန်းထား

စစ်တွေအဝေးပြေးကားဂိတ်သစ် လာမည့် ၂၀၂၀ မှာပြီးစီးမည်ဟု ခန့်မှန်းထား

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုနှင့် ဓညဂုဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္မဏီက စစ်တွေမြို့၊ ကျေးတောရွာအနီးတွင် တည်ဆောက်နေသော အဝေးပြေးကားဂိတ်သစ်မှာ  လာမည့် ၂၀၂၀ ခုနှစ်တွင် ပြီးစီးရန် လျာထားကြောင်း တာဝန်ရှိသူများက ပြောသည်။

လက်ရှိအသုံးပြုနေသော စစ်တွေကားဂိတ်မှာ မြေဧက ၈ ဧကခန့်နီးပါးသာရှိပြီး ကားများ ဝင်ထွက်သွားလာရမှု အဆင်မပြေ၍ မြေ ၄၂ ဧကကျော်မှာ ကားဂိတ်အသစ်ကို ဆောက်လုပ်နေခြင်းဖြစ်ကြောင်း ဓညဂုဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီမှ မန်နေဂျာ ဦးသာစိန်ထွန်းက ပြောသည်။

“အဖွဲ့အစည်းတွေအနေနဲ့ လာရောက်ထောက်ပံ့မှုအပိုင်းကိုလည်း နိုင်ငံတော်အနေနဲ့ အစိုးရအနေနဲ့ ကန့်သတ်ထားခြင်း မရှိပါဘူး။ လာရောက်ထောက်ပံ့မှုတွေကိုလည်း လက်ခံဆောင်ရွက်ပေးလျှက်ရှိပါတယ်။ ဒီအခြေနေမှာ ဘာတစ်ခုကန့်သတ်မှုရှိနေလဲဆိုရင် လုံခြုံရေးအခြေအနေအရဖြစ်ပါတယ်။ လုံခြုံရေးအခြေအနေအရ သွားရောက်နိုင်မှုမရှိတဲ့ နေရာတွေအတွက်ကို ကျွန်တော်တို့အနေနဲ့ ဒီအပိုင်းကိုအဓိကထားပြီးတော့မှ ဆောင်ရွက်ပေးလျှက်ရှိပါတယ်” ဟုပြောသည်။

လက်ရှိတည်ဆောက်နေသည့် အဝေးပြေးကားဂိတ်တွင် ကားဂိတ်အပြင် ဟိုတည်၊ ရဲစခန်း၊ ဘဏ်စသည့် အဆောက်ဦများကိုလည်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ဦးသာစိန်ထွန်းကပြောသည်။

“အဲဒီအထဲမှာ ဘာတွေပါလာမလဲဆိုတော့ ဘဏ်ကလည်း ၃ ဘဏ် ပါမယ်။ ဟိုတယ်ပါမယ်။ တည်းခိုရိပ်သာလည်းပါမယ်။ စားသောက်ဆိုင်တွေပါမယ်။ နောက်ပြီးတော့ မီးသတ်တွေ ပါမှာပေါ့။ မီးသတ်ရုံးတွေ ရှိမယ်။ နောက်ပြီးတော့ ရဲတွေ၊ရဲစခန်းတွေရှိမယ်။ ဝန်ထမ်းတွေ နေဖို့အတွက် ဝန်ထမ်းအဆောက်အအုံတွေ ဆောက်မယ်။ ဆောက်ပြီးတော့ တဖက်ကလည်း ရေအခက်ခဲမရှိရအောင်လည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီးတော့ ရေရရှိရေးအတွက်ကိုလည်း ကျွန်တော်တို့ ဆောင်ရွက်ထားပါတယ်။ ရေကန်တွေထည့်ထားမယ်။ မကောင်းတဲ့ေ တွေကို ရေပုပ်စုပ်တဲ့နေရာထားမယ်။ နောက်ပြီးတော့ ထရန်စဖော်မာတွေ ထည့်မယ်။ ပြည်သူတွေ အခက်ခဲမရှိအောင် ကျွန်တော်တို့ စီစဉ်ထားပါတယ်” ဟုဆိုသည်။

စစ်တွေမြို့ ကျေးတောရွာအနီး အဝေးပြေးကားဂိတ်ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က စတင်ကာ တည်ဆောက်နေခြင်းဖြစ်သည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...