၆၉ နှစ်မြောက် ကရင့်အဇာနည်နေ့အခမ်းအနား ရန်ကုန်မြို့လယ်တွင် ကျင်းပ

၆၉ နှစ်မြောက် ကရင့်အဇာနည်နေ့အခမ်းအနား ရန်ကုန်မြို့လယ်တွင် ကျင်းပ
Photo- ရန်ကုန်မြို့လယ်မှာ ကျင်းပသည့်ကရင့်အာဇာနည်နေ့အခမ်းအနား(Thet Swe Win)
Photo- ရန်ကုန်မြို့လယ်မှာ ကျင်းပသည့်ကရင့်အာဇာနည်နေ့အခမ်းအနား(Thet Swe Win)

(၆၉) နှစ်မြောက် ကရင့်အာဇာနည်အခမ်းအနားကို ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမရှေ့နှင့် မဟာဗန္ဓုလပန်းခြံကြား၌ ယနေ့တွင် ကျင်းပခဲ့သည်။

၁၉၅၀ ခုနှစ် သြဂုတ်လ (၁၂) ရက်တွင် ကျဆုံးသွားခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ဥက္ကဌကြီး စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေနှင့် တပ်ဖွဲ့ဝင်တို့အပါအဝင် တော်လှန်ရေးတွင် ဂုဏ်ပြောင်စွာ အသက် ပေးလှူသွားသူများအားလုံးကို ရည်ညွန်းပြီး ချီးကျုဂုဏ်ပြုသောနေ့ဖြစ်သည်။

အခမ်းအနား စီစဉ်သူ နော်အုန်းလှက “ စောဘဦးကြီးဆိုတာ အန်တီတို့ရဲ့ အမျိုးသားယဉ်ကျေးမှူအမွေအနှစ် တစ်ခုလိုပဲ။ ဒါကြောင့် သူဟာ ကရင်အမျိုးသားရေးအတွက်ကို သူများနဲ့မတူအောင် လုပ်ခဲ့တယ်။ ဒါကြောင့် နောင်လာ နောက်သားတို့ဟာ စောဘဦးကြီးရဲ့ ကျဆုံးတဲ့နေ့ကို ကရင်အာဇာနည်နေ့လို့ သတ်မှတ်လိုက်တဲ့အပေါ်မှာ ကရင်တို့ရဲ့ ရိုးရာ ယဉ်ကျေးမှူကို ဖော်ထုတ်တာ အလေးပြုတာ မသိတဲ့ ကရင်တွေလည်း သိအောင်လို့ ကျင်းပခဲ့တာပါ” ဟု ပြောသည်။

အခမ်းအနားတွင် ကရင်အမျိုးသားအလံတော်အား အလေးပြုခြင်း၊ အာဇာနည်ပုဂ္ဂိုလ် စောဘဦးကြီး၏ အတ္ထုပ္ပတ္ထုကို ဖတ်ကြားခြင်း၊ ကရင်အမျိုးသားများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် အသက်စွန့်ခဲ့သွားသည့် အာဇာနည်များကို လွမ်းသူပန်းခွေချ အလေးပြုခြင်းနှင့် ပန်းခြံပတ်၍ အာဇာနည်များကို ဂုဏ်ပြုခဲ့ခြင်း ဖြစ်သည်။

“အာဇာနည်ဆိုတာ လူတိုင်းက ချစ်ကြတယ်။ ကျွန်တော်တို့ ကရင်လူမျိုးအတွက်ဆိုရင်ပေါ့နော် တန်းတူညီမျှ အခွင့်အရေးရဖို့ ဦးဆောင်ခဲ့တဲ့ စောဘဦးကြီး ကိုယ်တိုင်ကလည်း သူရဲ့နိုင်ငံရေး ယုံကြည်ချက်အတွက် အသက်ပေးသွားတာ” ဟု အဆိုပါအခမ်းအနားကို တက်ရောက်သူ စောအဲလ်ဘတ်ချိုက ပြောသည်။

အဆိုပါ ကရင့်အာဇာနည်နေ့ အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA)၊ ကရင်ပြည်သူ့ပါတီ(KPP)၊ ကရင်အမျိုးသားပါတီ၊ ကရင်အမျိုးသမီး အဖွဲ့အစည်းများနှင့် ကရင်လူငယ် အဖွဲ့စည်းများ စသည့် တက်ရောက်သူပေါင်း ၂၀၀ ခန့်ရှိကြောင်း တွေ့ရသည်။

အလားတူ ကရင့်အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်သာမက သက်ဆိုင်ရာ ကေအဲန်ယူ ထိန်းချုပ်နယ်မြေများ၊ ပြည်တွင်းပြည်ပရှိ နေရာအသီးသီးတို့တွင်လည်း ကျင်းပခဲ့သည်ဟု သိရသည်။

May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...