စစ်ကြောင့် ခြေလက်အင်္ဂါပြတ်တောက်သွားသူများကို ခြေတု၊လက်တု တပ်ဆင်ပေးရန်လို

စစ်ကြောင့် ခြေလက်အင်္ဂါပြတ်တောက်သွားသူများကို ခြေတု၊လက်တု တပ်ဆင်ပေးရန်လို

တပ်မတော်နှင့် AA တို့တိုက်ပွဲပြင်းထန်လာသည့်နှင့်အမျှ လက်နက်ထိမှန်ခြင်း၊ မိုင်းပေါက်ကွဲခြင်းတို့ ကြောင့် အရပ်သားများ ခြေလက်အင်္ဂါပြတ်တောက်မှုရှိလာသဖြင့် ၎င်းတို့အတွက် ခြေတု၊လက်တုများ တပ်ဆင်ပေးရန် လိုအပ်ကြောင်းအကူညီအပေးနေသူများကပြောသည်။

ယခုအချိန်ထိ စစ်ကြောင့် ဒဏ်ရာရရှိကာ စစ်တွေပြည်သူဆေးရုံကြီးသို့ ဆေးဝါးကုသခံယူရန် ရောက်ရှိလာသူ ၅၁ ဦးထိရှိပြီး ယင်းအထဲမှ ခြေဖြတ်ခံရသူ ၂ ဦးနှင့် လက်ဖြတ်ခံရသူ ၂ ဦးခန့်ရှိကြောင်း ဒဏ်ရာရလူနာ များကို ကူညီပေးသည့် စစ်တွေဒေသခံဦးသန်းထွန်းကပြောသည်။

“ကျွန်တော်တို့ကစစ်တွေဆေးရုံမှာ ကူညီတဲ့လူအုပ်စုဖြစ်တဲ့အတွက်ကြောင့် နောက်ပိုင်းကိစ္စတော့ ကျွန်တော် တို့မလိုက်နိုင်ဘူး။ ဒါပေမယ့် ကျွန်တော်တို့မေတ္တာရပ်ခံချင်တာကတော့ အဲဒီခြေထောက်ဖြတ်လိုက်ရတဲ့လူ တွေ၊ လက်ဖြတ်လိုက်ရတဲ့လူတွေ၊ မျက်စီတစ်လုံးစီထုတ်လိုက်ရတဲ့လူတွေအတွက်ကတော့ အစိုးရဘဲဖြစ် ဖြစ်၊ ကြက်ခြေနီဘဲဖြစ်ဖြစ်၊ ICRC ဘဲဖြစ်ဖြစ် တခြားfoundition တစ်ခုကဘဲဖြစ်ဖြစ် ဒီလူတွေကို လက်တု တွေ၊ ခြေတုတွေ၊ မျက်လုံးအစား မျက်လုံးတပ်ပေးတာတွေလုပ်ပေးသင့်တယ်လို့ထင်ပါတယ်။ လုပ်ပေးပါ လို့လည်း မေတ္တာရပ်ခံချင်ပါတယ်။” ဟုပြောသည်။

 လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ခြေတု၊လက်တုများတပ်ဆဆင် ပေးမည့်အစီစဉ်များရှိ ကြောင်းလည်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဦးရဲမင်းဦးက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် ၈ ခုနီးပါးမှာ တပ်မတော်နှင့် AA တို့တိုက်ပွဲဖြစ်ပွားနေသဖြင့် ယင်းဒေသအတွင်း နေထိုင်သော ဒေသခံများမှာ မကြာခဏ မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရှိမှုများရှိနေသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...