ရခိုင်တိုက်ပွဲကြောင့် စာသင်ကျောင်း (၁၀) ကျော် ယာယီပိတ်ထားရ

ရခိုင်တိုက်ပွဲကြောင့် စာသင်ကျောင်း (၁၀) ကျော် ယာယီပိတ်ထားရ

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စာသင်ကျောင်း (၁၃)ကျောင်းကို ယာယီပိတ်ထားရသည်ဟု ပြည်နယ်ပညာရေးဌာနက DMG ကိုပြောသည်။

တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ကျောင်း၊ကျောင်းသူများမှာ ရပ်ရွာကိုစွန့်ခွာကာ ထွက်ပြေးမှုများ ရှိနေ သဖြင့် ရသေ့တောင်မြို့နယ်မှ စာသင်ကျောင်း ၅ ကျောင်းနှင့် မင်းပြားမြို့နယ်မှ စာသင်ကျောင်း ၈ ကျောင်းတို့ကို ပိတ်ထားရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှကပြောသည်။

“ပိတ်လိုက်တယ်ဆိုတာက ရွာမှာလူတစ်ယောက်မှမရှိကြတော့ဘူး။အဲလိုဖြစ်ကုန်တာပေါ့နော်။ ရွာအခြေအ နေရှိတယ်။ ကျောင်းရှိတယ်။အိမ်ရှိတယ်။ ကျောင်းတက်မယ့်ကလေးတွေရဲ့အခြေနေကလည်း ဒေသရဲ့အ ခြေနေအရ မိဘတွေသွားတဲ့နေရာကို ကလေးတွေကလိုက်သွားရတာကိုးနော်။ ဒီလိုအခြေအနေဖြစ်နေတယ်” ဟုပြောသည်။

အဆိုပါ  စာသင်ကျောင်း (၁၃)ကျောင်းမှာ ကျောင်းသား၊ကျောင်းသူ (၁၇၀၀)ကျော်စာသင်ကြားနေပြီး  ကျောင်းပိတ်လိုက်ရသဖြင့်  နီးစပ်ရာကျောင်းများ၌ ပညာသင်ကြားနိုင်အောင် စီစဉ်ပေးမည်ဟု လည်းပြောသည်။

ယင်းအပြင် ပညာရေးဌာနအနေဖြင့် တစ်ချို့ ကျောင်းသား၊ကျောင်းသူများနှင့် အဆက်အသွယ် ပြတ်တောက် နေမှုများလည်းရှိကြောင်း ဦးစိန်ထွန်းလှကပြောသည်။

“ဥပမာ ရသေ့တောင် ရခိုင်ပြည်နယ်ထဲမှာ ရသေ့တောင်မှာဘဲ ကျောင်းအများဆုံးပိတ်ထားရတာ။ ၂၁ကျောင်း ပိတ်ထားရတယ်။ ဒီနေ့ထိ ၅ ကျောင်းကဘယ်လိုမှမဖွင့်နိုင်သေးဘူး။ ၁၆ ကျောင်းကဖွင့်သွား ပြီပေါ့နော်။ ၅ ကျောင်းကမဖွင့်နိုင်သေးတာ။မဖွင့်နိုင်သေးတဲ့နေရာမှာ ကလေးတွေကိုလက်လှမ်းမှီတဲ့နေရာ မှာ တက်ခိုင်းထားတယ်။ တချို့ကျတော့ အဆက်အသွယ်လုံးဝမရတဲ့ကျောင်းတွေ ကလေးတွေလည်းရှိ တယ်။ ကျောင်းခန်းထဲမှာ မရောက်နိုင်သေးဘူးပေါ့နော်။ ရောက်လားမရောက်လားမသေချာသေးဘူး။” ဟုပြောသည်။

ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်စခန်း ၅၃ ခုရှိပြီး ကျောင်းသား၊ကျောင်းသူ စုစုပေါင်း  ၂၀၀၀ ကျော်မှာ စစ်ဘေးရှောင်စခန်းများနှင့် နီးစပ်သည့် ကျောင်းတွေ၌  ပညာသင်ကြားခွင့်ရရှိအောင်ဆောင်ရွက်ထားကြောင်း ပညာရေးဝန်ကြီးဌာနက ပြောသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...