ဘီးလင်းမြစ်ရေကျော်မှုကြောင့် ရေဘေးစခန်း (၇)ခုဖွင့်ထားပြီး ရေဘေးဒုက္ခသည် (၈၀၀)ကျော် ခိုလှုံနေရ

ဘီးလင်းမြစ်ရေကျော်မှုကြောင့် ရေဘေးစခန်း (၇)ခုဖွင့်ထားပြီး ရေဘေးဒုက္ခသည် (၈၀၀)ကျော် ခိုလှုံနေရ

ဘီးလင်းမြစ်ရေအခြေအနေမှာ စိုးရိမ်ရေမှတ်ကို နီးကပ်နေပြီးဖြစ်တာကြောင့် ဒီကနေ့ညနေမှုာပဲ ဘီးလင်းမြို့ပေါ်မှာ ကယ်ဆယ်ရေးစခန်း(၇)ခု ဖွင့်လှစ်လိုက်ပြီး လူဦးရေ ရှစ်ရာခန့် ကယ်ဆယ်ရေးစခန်းတွင် လာရောက်ခိုလှုံနေရကြောင်း ဘီးလင်းမြို့နယ်ကွပ်ကဲရေးရုံး၏ စာရင်းများအရ သိရသည်။

လက်ရှိမှာတော့ ဘီးလင်းမြို့ပေါ်က ငြိမ်ချမ်းရိပ်မြုံကျောင်း ၊ မြို့ဦးကျောင်း ၊ဓမ္မဝိဟာရကျောင်း၊ အောင်သိဒ္ခိကျောင်း ၊ တစညရုံး ၊နတ်ကြီးဘုန်းကြီးကျောင်းနဲ့ ဖိုးကြီးဆိပ်ဘုန်ကြီးကျောင်းတို့တွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားပြီး အနိမ့်ပိုင်းကလူတွေ လာရောက်ခိုလှုံနေရကြောင်း သိရသည်။

ဘီးလင်းမြစ်ရေရဲ့ စိုးရိမ်ရေအမှတ်မှာ (၁၀၂၂) စင်တီမီတာဖြစ်ပြီး ယခုရောက်ရှိနေတဲ့ ရေအမှတ်မှာ (၉၉၅) စင်တီမီတာ ဖြစ်သည်။

လက်ရှိမှာတော့ ဘီးလင်းမြို့အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ မြစ်ကမ်းနဲ့နီးတဲ့ ကျေးရွာတွေမှာတော့ ရေကျော်လျက်ရှိပြီး ရန်ကုန်-မော်လမြိုင်ကားလမ်းကိုတော့ ရေမကျော်သေးတာကြောင့် သွားလာလို့ အဆင်ပြေနေကြောင်း သိရသည်။

ပြည်နယ်အစိုးရအနေနဲ့ ကယ်ဆယ်ရေးစခန်းများနှင့် အနိမ့်ပိုင်းကျေးရွာများထံသို့ တစ်ပတ်စာရိက္ခာ ကြိုတင်ပေးပို့ထားပြီး ဖြစ်တာကြောင့် ရိက္ခာပြတ်လပ်မှာကို စိုးရိမ်စရာမလိုကြောင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက ဆိုသည်။

“ကျေးရွာခုနှစ်ရွာဆီကို တစ်ပတ်စာရိက္ခာတွေ ပို့ထားပေးပါပြီး အစိုးရအဖွဲ့က ဝယ်ခြမ်းထားပြီးသား နေရာအရောက်လဲ ပို့ထားပြီးပါပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးလက်ထဲ အပ်ထားပြီးပါပြီး ရိက္ခာပြတ်မှာကို စိုးရိမ်စရာ မလိုပါဘူး” ဟု ၎င်းက ဆိုသည်။

ရန်ကုန်-မော်လမြိုင်ကားလမ်း ဘီးလင်းလမ်းပိုင်းကို မြင့်တင်ထားပြီးဖြစ်တာကြောင့် ဘီးလင်းမြစ်ရေ (၁၀၅၀)ကျော် စင်တီမီတာရောက်မှသာ ကားလမ်းရေကျော်နိုင်မှာဖြစ်တဲ့အတွက် လမ်းရေကျော်မှာကို စိုရိမ်းစရာမလိုကြောင်း ၎င်းကဆက်လက်ပြောသည်။

လက်ရှိမှာတော့ မြစ်ရေကျော်နေတာကြောင့် ဘီလင်းမြို့နယ်အတွင်းက စာသင်ကျောင်း (၄)ကျောင်းကို ယာယီပိတ်ထားရကြောင်း သိရသည်။

ကယ်ဆယ်ရေးစခန်းတွေမှာတော့ မြို့နယ်အဆင့်ဌာနဆိုင်ရာတစ်ဦးစီကို ကြီးကြပ်ဖို့တာဝန်ပေးထားပြီး ထပ်တိုးလာနိုင်မယ့် အခြေအနေများအတွက် အရန်တပ်ဖွဲ့တွေကိုလည်း ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...