ဘီးလင်းရေကြီးမှု ကယ်ဆယ်ရေးစခန်း (၂၈) ခု ဖွင့်လှစ်

ဘီးလင်းရေကြီးမှု ကယ်ဆယ်ရေးစခန်း (၂၈) ခု ဖွင့်လှစ်
ဓာတ်ပုံ - သံလွင်တိုင်းမ်
ဓာတ်ပုံ - သံလွင်တိုင်းမ်

ဘီးလင်းမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေလွှမ်းမိုးမှု မြင့်တက်လာတာကြောင့် နေထိုင်သူများကို ကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းနေရသည်။

ဘီးလင်းမြို့နယ်ရေဘေးကွပ်ကဲရေးရုံးကို ဘီးလင်းမြို့နယ်အုပ်ချုပ်ရေးမှုးရုံး၌ သြဂုတ်လ (၅)ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပြီး သြဂုတ်လ (၆) ရက်နေ့အထိ ကယ်ဆယ်ရေးစခန်း (၂၈)ခု ဖွင့်လှစ်ထားပါသည်ဟု သိရသည်။

၎င်း ရေဘေးရှောင် ကယ်ဆယ်ရေးစခန်း(၂၈)ခုမှာ

(၁) မြို့ဦးကျောင်း

(၂) ဓမ္မဝိဟာရကျောင်း

(၃) ငြိမ်းချမ်းရိပ်မြုံကျောင်း

(၄) အောင်သိဒ္ဓိကျောင်း

(၅) ဘီးလင်းမြို့နယ်တစည ရုံး

(၆) ရွှေဘုံသာကျောင်း

(၇)ကိုးနဝင်းကျောင်း

(၈)စကားဝါကျောင်း

(၉)မြောက်ကျောင်းကြီး

(၁၀)ပိန္နဲတောကျောင်း

(၁၁)သဒ္ဓမ္မဇောတိကကျောင်း

(၁၂)နတ်ကြီးဘုန်းကြီးကျောင်း

(၁၃)ဖိုကြီးဆိပ်ဘုန်းကြီးကျောင်း

(၁၄)ရွှေကျောင်ကြီးဓမ္မာရုံ ညောင်ပုလ္လင်

(၁၅)မဲလံခေါင်းဘုန်းကြီးကျောင်း

(၁၆)ကတီပု အလကခွဲ

(၁၇) ပဏ္ဍိကုန်း ဘုန်းကြီးကျောင်း

(၁၈)ဘီးလင်းကြိုး ဘုန်းကြီးကျောင်း

(၁၉)ဒေါက်ရပ်တိုက်ကျောင်းဘုန်းကြီးကျောင်း

(၂၀)ကျားကွင်း နားနေဆောင်

(၂၁)သာယာကုန်းရွာလယ်ဓမ္မာရုံ ကျားကွင်းရွာ

(၂၂) မြောက်သူဌေးကုန်း မူလွန်

(၂၃) ဘင်ဘန်းဘုန်းကြီးကျောင်း

(၂၄) ဒညင်းကုန်းဘုန်းကြီးကျောင်း

(၂၅)ဒညင်းကုန်းအုပ်စု၊ ဘုရားဆိပ် မာလိကာဘုန်းကြီးကျောင်း

(၂၆) လယ်စောလေ့ာ

(၂၇) အမက မြို့သစ်

(၂၈) ကန်သာယာ အထက

ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း (၂၈)ခုတွင် လာရောက်ခိုလှုံသူ အိမ်ခြေ(၁၂၁၂)၊ အိမ်ထောင်စု(၁၂၂၂)၊ လူဦးရေ(၅၃၅၆)ဦးရှိနေကြောင်း ဘီးလင်းမြို့နယ်ရေဘေးကွပ်ကဲရေးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန် မော်လမြိုင် အဝေးပြေးလမ်းမကြီး ဘီးလင်းလမ်းပိုင်းမှာတော့ ရေမကျော်သေးဘဲ ယာဉ်များသွားလာလို့ အဆင်ပြေနေကြောင်း သိရသည်။

ဓာတ်ပုံ-CJ
June 22, 2026
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသကို အာဏာသိမ်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု...
June 20, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်အစိုးရက ရက် ၁၀၀ လမင်းစီမံချက်အဖြစ် နိုင်ငံသားစိစစ်ရေးကတ်နဲ့ Unique...
June 19, 2026
မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာ အခြေစိုက် အမှတ် ၅၈၇ ခြေမြန်တပ်ရင်းက လက်နက်တိုက်ပုံ...
June 18, 2026
မွန်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအဆမတန် တောင်းခံနေမှုအပေါ် အဂတိလိုက်စားမှု...