ရခိုင်စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံရန် အစိုးရမှ ခွင့်ပြုချက်ပေးရာတွင် ကြန့်ကြာမှုများရှိနေ

ရခိုင်စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံရန် အစိုးရမှ ခွင့်ပြုချက်ပေးရာတွင် ကြန့်ကြာမှုများရှိနေ

ရခိုင်စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံမည်ဆိုပါက အစိုးရထံတွင် ကြိုတင်ခွင့်ပြုချက်တင်ရမည် ဖြစ်ပြီး ခွင့်ပြုချက်မတင်ဘဲ အလှူငွေကောက်ခံနေသည့် အဖွဲ့အစည်းများအား အာဏာပိုင်များဘက်မှ စစ်ဆေး မှုများ၊ တားဆီးမှုများပြုလုပ်လျက်ရှိသည်။

ထို့ကြောင့် စစ်ဘေးရှောင်ကူညီရေးအဖွဲ့များမှ မြို့၊ ရွာများတွင် လှည့်လည်အလှူခံရန်အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးများမှ ခွင့်ပြုချက်တင်ကြရသည်။ သို့သော် ခွင့်ပြုချက်ပေးရာတွင် ကြန့်ကြာမှုများရှိနေကြောင်း စစ်ဘေးရှောင်ကူညီရေး အဖွဲ့အစည်းများမှပြောသည်။

“ခွင့်ပြုချက်တင်ပေးတာကိုတော့ ခွင့်ပြုချက်ရစေချင်တယ်။ ကျွန်တော်တို့ အဲဒီခွင့်ပြုချက်တစ်ခုပဲလိုချင်တယ်။ အစိုးရကိုပြောချင်တာတော့ ကျွန်တော်တို့က ပရဟိတဖြစ်နေတဲ့အတွက်ကြောင့် ခွင့်ပြုချက်တစ်ခုတည်း လိုအပ်ချက်ရှိနေတယ်။ ခွင့်ပြုချက်ရမှ ကျွန်တော်တို့ အလုပ်စပြီးလုပ်လို့ရမယ်” ဟု ရခိုင်လူငယ် သွီးလှူရှင်အသင်း ဥက္ကဋ္ဌ ဦးလအောင်က ပြောသည်။

စစ်တွေအခြေစိုက် ရခိုင့်အလင်းတံခါး တက်ကြွလှုပ်ရှားသူများအဖွဲ့သည် အလှူခံရန်အတွက် ပြီးခဲ့သည့် ဧပြီလတွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ခွင့်ပြုချက်တင်ခဲ့သော်လည်း လက်ရှိအချိန်ထိ ခွင့်ပြုမိန့် မရသေးပေ။

“ဒီအစိုးရက ကန့်သတ်ထားတယ်ဆိုလို့ ကျွန်မတို့လည်း အလှူငွေမကောက်ရဘူးလေ။ ကောက်ခံပေးပါ၊ ကျွန်မတို့လည်း တစ်ဖက်တစ်လှမ်းက ကူညီချင်တယ်။ ကူညီချင်တာကို ကူညီခွင့်ပေးပါလို့ တောင်းဆိုချင်တယ်” ဟု ရခိုင့်အလင်းတံခါးတက်ကြွလှုပ်ရှားသူများအသင်း အတွင်းရေးမှူး ဒေါ်ဖြူဖြူသန်းက ပြောသည်။

ရခိုင့်အလင်းတံခါးတက်ကြွလှုပ်ရှားသူများအသင်းသည် ခွင့်ပြုချက်တင်ထားသော်လည်း ခွင့်ပြုမိန့် မပေး သောကြောင့် မေလမှစတင်ကာ စစ်တွေမြို့တွင် လှည့်လည်အလှူခံခဲ့ကြသည်။ ထိုသို့ ခွင့်ပြုချက်မဲ့ အလှူငွေ ကောက်ခံသည်ဟုဆိုကာ ၎င်းတို့အဖွဲ့အား အာဏာပိုင်များမှ ပြစ်ဒဏ်ပေးခဲ့ကြသည်။

စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံမည့်အဖွဲ့အစည်းများအား ခွင့်ပြုမိန့် မြန်မြန်ဆန်ဆန် ပေးသင့်ကြောင်း အကြံပြုသူများလည်းရှိနေသည်။

“အစိုးရက ပူးပေါင်းဆောင်ရွက်မှု အားနည်းတာပေါ့နော်၊ ဒါက တကယ်ဆိုရင် အစိုးရအနေနဲ့က အစိုးရရဲ့ကူညီ မမံပိုးနိုင်တဲ့အရာတွေကို အရပ်ဖက်အဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့အစည်းတွေက ကူညီပေးနေတာ ပေါ့နော်။ ဒါကြောင့် ချက်ချင်းလုပ်ပေးသင့်တယ်လို့ြမင်တယ်” ဟု ဝံလက်ဖောင်ဒေးရှင်းဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောသည်။

စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံနေသည့်သူများအား ခွင့်ပြုချက်ယူပြီးမှကောက်ခံရန် ကန့်သတ် လိုက်ခြင်းသည် မလိုလားအပ်သည့် ပြဿနာများဖြစ်မည်ကိုစိုးရိမ်ြခင်းကြောင့်ဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ ပြောဆိုသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...