AA နှင့်ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသည့် လူငယ် ၁၁ ဦးအား တွေ့ခွင့်မရသဖြင့် မိသားစုဝင်များစိုးရိမ်

AA နှင့်ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသည့် လူငယ် ၁၁ ဦးအား တွေ့ခွင့်မရသဖြင့် မိသားစုဝင်များစိုးရိမ်

ပုဏ္ဏားကျွန်းမြို့နယ်မှ လူငယ် ၁၁ ဦးအား ရဲတပ်ဖွဲ့မှ ဇူလိုင်လ ၂၇ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထဲမှ လူငယ် ၈ ဦးမှာ စစ်ဆေးချက်အရ AA သို့ဝင်ရောက်ရန် စည်းရုံခံခဲ့ရသူများဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် တရားဥပဒေ အရ အရေးယူနိုင်ရန် ပုဏ္ဏားကျွန်းမြို့နယ်မရဲစခန်းတွင် စစ်ဆေးနေကြောင်း တပ်မတော်မှ သတင်းထုတ်ပြန် ထားသည်။

ထိုသို့ဖမ်းဆီးခံရသူများထဲတွင် မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာမှ ခင်မောင်စံဆိုသည်လည်း ပါဝင်ပြီး ၎င်းမှာ မင်းပြားမြို့ အ.ထ.က(၁)ကျောင်းတွင် ပညာသင်ကြားနေသည့် အသက် ၁၆ နှစ်အရွယ် ဆယ်တန်း ကျောင်းသားဖြစ်သည်။

ခင်မောင်စံ၏ ဖခင်ဖြစ်သူ ဦးမောင်မောင်သန်းမှာ ၎င်းတို့ဖမ်းဆီးခံနေရသည့် သတင်းကိုစုံစမ်းရန် စစ်တွေမြို့သို့ ရောက်ရှိနေသော်လည်း လက်ရှိအချိန်ထိ ထူးခြားမလာသေးကြောင်း ပြောသည်။

“စိုးရိမ်တာကတော့ အကိုတို့မှာ စာသင်ချိန်ရယ်။ ပြီးတော့ သူတို့ထိန်းချုပ်ထားတဲ့နယ်မြေ မသိရတာ။ ဘယ်မှာ ထိန်းချုပ်တယ်ဆိုတာကို ကျွန်တော်တို့မိသားစုနဲ့ တွေ့ခွင့်ပေးစေချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ကငယ်တဲ့ ကလေးတွေဖြစ်လို့ပါ” ဟု ဦးမောင်မောင်သန်းက ပြောသည်။

ပုဏ္ဏားကျွန်းမြို့မရဲစခန်းအား ဆက်သွယ်မေးမြန်းရာ ၎င်းလူငယ်များအား စစ်တွေမြို့တွင် စစ်ဆေးနေ ကြောင်းနှင့် အသေးစိတ်ကိုပြောရန် ငြင်းဆန်သည်။

“အခုကျွန်တော်တို့ဘာမှပြောလို့မရသေးဘူး။ ကျွန်တော်တို့ဒီမှာ လူကြီးတွေကိုတင်ပြထားတယ်။ မဖမ်း ထားပါဘူး ကျွန်တော်တို့ဒီမှာလေ လူကြီးတွေ ခေါ်ပြီးစစ်မေးနေလို့ပါ။ ကျွန်တော်တို့ အထက်ကလူကြီးတွေ မသိသေးဘဲနဲ့တော့ ပြောလို့မရလို့ပါနော်” ဟု ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှူးက ပြောသည်။

ယခု အဖမ်းခံနေရသည့်အထဲတွင် အသက် ၁၄ နှစ်အရွယ် ကျောင်းသားများလည်းပါဝင်ပြီး ၎င်းတို့ကို ပြန်လွှတ်ပေးရန် မိသားစုဝင်များက လိုလားနေကြသည်။

ရခိုင်ပြည်နယ်တွင် AA နှင့်ပတ်သက်သည်ဟုဆိုကာ သံသယဖြင့် လူပေါင်း ၉၀ ကျော်အား တပ်မတော်မှ ဖမ်းဆီးထားသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...