ပြည်မြို့ဇာတိ ကြက်ခြေနီရုံးဝန်ထမ်း မောင်တောတွင် ဓာတ်လိုက်သေဆုံး

ပြည်မြို့ဇာတိ ကြက်ခြေနီရုံးဝန်ထမ်း မောင်တောတွင် ဓာတ်လိုက်သေဆုံး

ရခိုင်ပြည်နယ်၏ နယ်စပ်မြို့တော်ဖြစ်သည့် မောင်တောမြို့တွင် ယနေ့ သင်တန်းပေးရန် projector တပ်ဆင်နေစဉ် ပြည်မြို့ဇာတိ ကြက်ခြေနီ စီမံချက်ရုံးခွဲမှ ဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ပြည်မြို့မှ နိုင်လင်းထွန်း (၃၇)နှစ် ဖြစ်ပြီး မောင်တောမြို့ကြက်ခြေနီတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင် နေသူဖြစ်ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၈နာရီခွဲခန့်တွင် မောင်တောမြို့သာသနာ့ဗိမာန်၌ သင်တန်းတစ်ခုပြရန် projector ဆင်စဉ် ဝါယာကြိုးပေါက်ပြီး ဓာတ်လိုက်သေဆုံး သွားခြင်းဖြစ်ကြောင်း မောင်တောကြက်ခြေနီတပ်ဖွဲ့မှ အရာရှိ ဦးတင်လင်းထိုက်က အတည်ပြုပြောသည်။

“ဟုတ်ကဲ့ကျနော်တို့ဆီက ဝန်ထမ်းပါ။ ကျနော်တို့လုပ်ငန်းတွေလုပ်ရင်းနဲ့ projector ဆင်ရင်းနဲ့ ဖိနပ်မစီးမိတာပေါ့နော်။ ဖိနပ်မစီးတော့ ဓာတ်လိုက်သွားတာ။ သူကခန္ဓာကိုကကြီးတော့ ပြုတ်ကျတဲ့အချိန်မှာ ခေါင်းနဲ့ သမန်တလင်းနဲ့ထိသွားတာ။ ဆေးရုံကိုပို့တဲ့အချိန်မှာ အသက်ကို မမီတော့ဘူး” ဟု ဦးတင်လင်းထိုက်က ပြောသည်။

အဆိုပါသေဆုံးသွားသူ ကြက်ခြေနီတပ်ဖွဲ့ဝင်၏ ရုပ်အလောင်းအား ၄င်းတို့မိသားစုထံ ပို့ဆောင် သွားမည်ဖြစ်ပြီး ဇူလိုင်လ ၂၈ ရက်နေ့တွင် မောင်တောမြို့မှ ကရုဏာကွန်ရက်အသင်း ကားဖြင့် အငူမော်လမ်းမှ စစ်တွေမြို့သို့ပို့ဆောင်ကာ စစ်တွေမှ တဆင့် ပြည်မြို့သို့ ပြန်လည် ပို့ဆောင် သွားမည်ဖြစ်ကြောင်း မောင်တောမြို့ခံတစ်ဦးပြောပြချက်အရ သိရသည်။

ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...