မော်လမြိုင်တွင် အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီကို ထောက်ခံပွဲပြုလုပ်

မော်လမြိုင်တွင် အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီကို ထောက်ခံပွဲပြုလုပ်
သတင်းနှင့် ဓါတ်ပုံ - သံလွင်တိုင်းမ်
သတင်းနှင့် ဓါတ်ပုံ - သံလွင်တိုင်းမ်

မော်လမြိုင်မြို့ ကမ်းနားလမ်း ရေပေါ်ဈေးမှာ ဒီကနေ့မနက်ပိုင်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ထောက်ခံပွဲကို NLD ပါတီဝင်တစ်ချို့နှင့် စိတ်ပါဝင်စားသူ ၈၀ ခန့်က ပြုလုပ်ခဲ့ကြသည်။

အခြေခံဥပဒေပြင်ဆင်ရေးမှာ ပါဝင်ဖို့ထက် စားဝတ်နေရေးကို ပြည်သူတွေ ဦးစားပေးဆောင်ရွက်နေရတာကြောင့် ဒီထောက်ခံပွဲကို လာရောက်ဝန်းရံသူ နည်းပါးရတာဖြစ်တယ်လို့ လာရောက်ဝန်းရံသူတစ်ဦးက ပြောသည်။

“ ထောက်ခံပွဲမှာ လူတွေနည်းတယ်ဆိုတာကတော့ အခြေခံဥပဒေကြောင့်ပဲ နည်းပါတယ်။ အခြေခံဥပဒေက လူတစ်စုအတွက် စီးပွားရေးမှာညစ်ထားတော့ လာချင်တဲ့သူတွေက လာချင်ပေမယ့် တစ်နေ့တာဝမ်းစာက ကျွန်တော်တို့တိုင်းပြည်မှာ အင်မတန်မှ ခဲယဉ်းပါတယ်။ ဒီနေ့စားဝတ်နေရေးကို လုပ်မလား အခြေခံဥပဒေပြင်ဆင်ရေးကို လာမလားမေးရင် စားဝတ်နေရေးကိုသွားမယ့် လူတန်းစားက များပါတယ်” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးခင်မောင်သိန်းက ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အပြီးသတ်အစီရင်ခံစာကို ဇူလိုင်လ(၁၅)ရက်နေ့ နေ့လည်ပိုင်းက ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့တာဖြစ်သည်။

ဒီကနေ့မှာတော့ ပူးပေါင်းကော်မတီက တင်သွင်းခဲ့တဲ့ အစီရင်ခံစာကို ထောက်ခံကြောင်း ရန်ကုန် ၊ စစ်ကိုင်း ၊ ရွှေဘို နှင့် အခြားမြို့ကြီးတွေမှာလည်း တစ်ပြိုင်နက် ဆန္ဒပြထောက်ခံ ခဲ့ကြတာဖြစ်သည်။

ပြီးခဲ့သော မတ်လ (၂၄)ရက်နေ့ကလည်း မော်လမြိုင်မြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် မွန်ပြည်နယ် ဆယ်မြို့နယ်မှ ပြည်သူ (၅၀၀၀)ခန့် ချီတက်လမ်းလျှောက်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...