ဂျပန်ရောက်ရခိုင်များ စင်္ကာပူသံရုံးတွင် ကန့်ကွက်ဆန္ဒပြ

ဂျပန်ရောက်ရခိုင်များ စင်္ကာပူသံရုံးတွင် ကန့်ကွက်ဆန္ဒပြ

စင်္ကာပူအစိုးရ၏လုပ်ရပ်အား ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် ရခိုင်အမျိုးသားများနှင့် အခြားတိုင်းရင်းသားများသည် စင်္ကာပူသံရုံးတွင် ယနေ့ ဂျပန်စံတော်ချိန် ညနေ ၃နာရီခွဲမှ ၄ နာရီခွဲထိ ဆန္ဒပြခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြပွဲပြုလုပ်ရခြင်း အဓိကရည်ရွယ်ချက်မှာ စင်္ကာပူနိုင်ငံ၌ နေထိုင်အလုပ်လုပ်နေသည့် ရခိုင်အသင်း (စင်္ကာပူ)၏ အဖွဲ့ဝင် ၆ ဦးကို ရက္ခိုင့်တပ်တော်  (AA)နှင့် ဆက်နွယ်နေသည်ဟုဆိုပြီး စင်္ကာပူအာဏာပိုင်များက ဇူလိုင်လ ၉ ရက်နှင့် ၁ဝ ရက်နေ့တို့တွင် ဖမ်းဆီးကာ မြန်မာပြည်ကို ပြန်ပို့သည့် လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချလို၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

“ဂျပန်မှာရောက်ရှိနေတဲ့ ရခိုင်လူမျိုးတွေနဲ့ တခြားတိုင်းရင်းသားတွေအပါအဝင် ကျွန်တော်တို့ လက်မှတ်ထိုးထားတဲ့ စာရင်းအရ  လူပေါင်း ၁ဝဝ လောက် ဆန္ဒပြပွဲကို တက်ရောက်ခဲ့ကြပါတယ်။ ကျွန်တော်တို့ အဓိက တောင်းဆိုခဲ့ကြတဲ့ အချက်ကတော့ ရခိုင်လူမျိုးအပါအဝင် တခြားတိုင်းရင်းသားတွေကို စင်္ကာပူအစိုးရက အနှောက်ယှက်မပေးဖို့ ကျွန်တော်တု့ိ တောင်းဆိုခဲ့ကြပါတယ်” ဟု  ဆန္ဒပြရာတွင်ပါဝင်သည့် ဂျပန်ရောက် ရခိုင် လူငယ်တစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဂျပန်ရောက်ရခိုင်များသည် စင်္ကာပူ သံရုံးရှေ့တွင် ဆန္ဒပြရန်စီစဉ်ခဲ့ကြသော်လည်း အာဏာပိုင်များက သံရုံးရှေ့တွင် ဆန္ဒပြခွင့်မပြုသည့်အတွက် သံရုံးနောက်တွင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

စင်္ကာပူနိုင်ငံရှိ ရခိုင်အသင်း (စင်္ကာပူ)၏ ဥက္ကဋ္ဌ ကိုဟိန်းဇော်၊ ဒုဥက္ကဋ္ဌ မမေမြတ်မွန်၊ ကိုတင်ဦးလိူင်၊ ကိုအောင်မြတ်ကျော် ကိုအေးထွန်းနှင့် ကိုရဲကျော်ထက်တို့ ၆ ဦးကို ရက္ခိုင့်တပ်တော်  (AA)နှင့် ဆက်နွယ်နေသည်ဟုဆိုကာ ဇူလိုင် ၉ ရက်နဲ့ ၁ဝ ရက်နေ့တို့တွင် စင်္ကာပူအာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။

ရခိုင်အသင်း (စင်္ကာပူ)သည် ရခိုင်လူထုအား အကူအညီပေးရန် ဖွဲ့စည်းထားသည့်လူမှုအဖွဲ့တစ်ခုဖြစ်သော်လည်း စင်္ကာပူအစိုးရအနေဖြင့် ယခုကဲ့သို့ စွပ်စွဲဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သည့်ကိစ္စကို ဂျပန်ရောက် ရခိုင်များအနေဖြင့် ယခုကဲ့သို့ ဆန္ဒပြကန့်ကွက်လိုက်ကြခြင်းဖြစ်ကြောင်း ၎င်းလူငယ်က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်သို့ ရောက်ရှိနေသည့် ရခိုင်လူထုများနှင့် အခြားတိုင်းရင်းသားများအပါအဝင် လူပေါင်း ၁၅ဝ ခန့်သည် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ စင်္ကာပူသံရုံးနှင့် မြန်မာသံရုံးရှေ့တို့တွင် ဇူလိုင် ၁၅ ရက်နေ့ကလည်း ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ ပြန်ပို့ခံရသူ ၆ ဦးကို မြန်မာအစိုးရက ဖမ်းဆီးထားသော်လည်း မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ဆိုသည်ကို မြန်မာအာဏာပိုင်များက ထုတ်ဖော်မပြော၍ မိသားစုဝင်များ အလွန်တရာစိုးရိမ်နေကြကြောင်း သိရသည်။

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...