၂၀၁၉ခုနှစ်ကို မဲဆန္ဒရှင်စာရင်းနှစ်အဖြစ်သတ်မှတ်၍ ပြည်သူအားလုံးမဲပေးနိုင်ရန် အလေးထားဆောင်ရွက်နေဟုဆို

၂၀၁၉ခုနှစ်ကို မဲဆန္ဒရှင်စာရင်းနှစ်အဖြစ်သတ်မှတ်၍ ပြည်သူအားလုံးမဲပေးနိုင်ရန် အလေးထားဆောင်ရွက်နေဟုဆို

၂၀၁၉ခုနှစ်ကို မဲဆန္ဒရှင်စာရင်းနှစ်အဖြစ်သတ်မှတ်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားအားလုံး မဲပေးနိုင်ရေးအတွက် အလေးထားဆောင်ရွက်နေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစောဒယ်နီရယ်ကြည်က ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ဟသာၤခန်းမတွင် ဇူလိုင်လ(၈)ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မွန်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ ၊ ရွေးကောက်ပွဲဆိုင်ရာကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မဲစာရင်းမှန်ရရှိရေးအတွက် ၂၀၁၉ခုနှစ် ဇွန်လ တတိယပတ်ကစတင်၍ လူဦးရေစာရင်းနှင့်အချက်အလက်များကို ကောက်ယူနေပြီး လူဦးရေစာရင်းနှင့်လိုအပ်သည့် အချက်အလက်များကို စီစစ်၍ အခြေခံမဲစာရင်းများကို ကပ်ထားကြေညာနိုင်ရန် ဆောင်ရွက်နေပြီးဖြစ်ကြောင်း သိရသည်။

“လာမယ့် အထွေထွေရွေးကောက်ပွဲကို ဥပဒေနဲ့အညီ လွတ်လပ်ရမယ် တရားမျှတရမယ် ပွင့်လင်းမြင်သာရမယ် အများယုံကြည်လက်ခံနိုင်တဲ့ ရွေးကောက်ပွဲဖြစ်ရမယ် ပြည်သူ့ဆန္ဒနဲ့ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်ရအောင် ကျင်းပသွားမှာပါ “ ဟု ဦးစောဒယ်နီရယ်ကြည်က ပြောသည်။

မဲဆန္ဒရှင်စာရင်းကောက်ယူရာတွင် ရွေးကောက်ပွဲဥပဒေပြဌာန်းချက်အရ မဲဆန္ဒနယ်အတွင်း နေထိုင်လျှက်ရှိသည့် စစ်ဘေးရှောင်များ ၊ ရွှေ့ပြောင်းလုပ်သားများအပါအဝင် ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ ၃၁ရက်နေ့တွင် (၁၈)နှစ်ပြည့်ပြီးဖြစ်သည့် နိုင်ငံသား ၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများကို ကောက်ယူပြုစုသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

လူဦးရေစာရင်းကောက်ယူရာတွင် မသန်စွမ်းသူတွေအပါအဝင် ပြည်ပရောက်နိုင်ငံသားများပါ မဲဆန္ဒရှင်စာရင်းတွင် ပါဝင်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှူး ဦးဟိဏ်းလင်းထက်က ပြောဆိုထားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူ ၁၂သိန်းကျော် ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံရေးပါတီများ ၊ ပါတီတည်ထောင်ခွင့်ေ လျှာက်ထားလိုသူများ အနေဖြင့် ပါတီတည်ထောင်ခြင်း ၊ မှတ်ပုံတင်ခြင်း ၊ ပါတီပူပေါင်းခြင်း အစရှိသည့်လုပ်ငန်းစဉ်များကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့ နောက်ဆုံးထား၍ ဆောင်ရွက်ကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာထားသည်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...