ကမ်းနားလမ်းရှိ မြို့မစားသောက်ဆိုင်နေရာ တိုးချဲ့ဆောက်လုပ်ဖို့ အစိုးရခွင့်ပြုချက်မပေးထားဟုဆို

ကမ်းနားလမ်းရှိ မြို့မစားသောက်ဆိုင်နေရာ တိုးချဲ့ဆောက်လုပ်ဖို့ အစိုးရခွင့်ပြုချက်မပေးထားဟုဆို

မော်လမြိုင်မြို့ ကမ်းနားလမ်း မြို့မစားသောက်ဆိုင် နံဘေးတွင် အဆောက်အဦးဆောက်လုပ်ရန် လုပ်ငန်းစတင်နေတာနှင့် ပတ်သက်၍ မော်လမြိုင်မြို့နေလူထုအကြားတွင် ဝေဖန်မှုများ မြင့်တက်လျက် ရှိသည်။

မြို့မစားသောက်ဆိုင်မှ ဆိုင်နေရာတိုးချဲ့ရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့တာဖြစ်ပြီး ထိုသို့ပြုလုပ်ရန် ပြည်နယ်အစိုးရမှ ခွင့်ပြုချက်မပေးထားကြောင်း စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးက ပြောသည်။

အဆောက်အဦးဆောက်လုပ်ရန် ပြည်နယ်အစိုးရထံသို့ ခွင့်ပြုချက်တင်ထားသော်လည်း ပြည်နယ်အစိုးရမှ တစ်စုံတစ်ရာခွင့်ပြုချက် မပေးဘဲဆောက်လုပ်သည့်အတွက် စည်ပင်သာယာရေးဌာနမှ တားမြစ်စာထုတ်ပြန်သွားမည်ဟု စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

“အဆောက်အဦးဆောက်ဖို့ခွင့်ပြုချက်မပေးထားပါဘူး စည်ပင်ကနေ တားမြစ်စာထုတ်သွားမှာပါ တားမြစ်စာထုတ်ပြီးမှ မဖျက်ဘူးဆိုရင် ခွင့်ပြုချက်မရှိပဲလုပ်တာကြောင့် အရေးယူသွားမှာပါ “ ဟု ၎င်းကဆိုသည်။

ထို့အပြင် ပြည်နယ်အစိုးရအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများကို ခွင့်ပြုချက်ပေးသွားမည်ဆိုပါက ပြည်သူလူထုအား ပွင့်လင်းစွာချပြသွားမည်ဟု ဦးမင်ကျော်လွင်က ပြောသည်။

ခွင့်ပြုချက်မကျသေးဘဲ ဆောက်လုပ်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေတာနှင့် ပတ်သက်၍ မြို့မစားသောက်ဆိုင်မှ တာဝန်ရှိသူတစ်ဦးကို သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာမှာတော့ တွေ့ဆုံခွင့် မရခဲ့ပေ။

ပြည်သူလူထုများ အနားယူအပန်းဖြေလေ့ရှိသည့် မော်လမြိုင်ကမ်းနားလမ်းတွင် အဆောက်အဦးများစွာရှိလာပြီး အချို့သော ဌားရမ်းမှုများမှာ ခေတ်ကာလပေါက်ဈေးနှင့် မကိုက်ညီတော့ကြောင်း မော်လမြိုင်မြို့ဒေသခံ ဦးထွန်းအောင်အောင်က ပြောသည်။

“လူထုတွေအပန်းဖြေတဲ့ နေရာတွေမှာ အကောင်အထည်ဖော် ဆောင်ရွက်တာတွေက များလာတယ် ဒီဟာတွေကို လူထုက ပွင့်လင်းစွာမသိရဘူး အစိုးရကလည်းမချပြဘူး “ ဟု ၎င်းက ပြောသည်။

မော်လမြိုင်မြို့မစားသောက်ဆိုင်သည် အရင်အစိုးရလက်ထက်တည်းက မြေနေရာကို နှစ်ရှည်ဌားရမ်းခွင့် ရရှိခဲ့တာလည်း ဖြစ်သည်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...