မူဆယ်သူ မှန်လုံယာဉ်တိမ်းမှောက် ယာဉ်နောက်လိုက် ၂ ဦးသေ၊ ၁၄ ဦး ဒဏ်ရာရ

မူဆယ်သူ မှန်လုံယာဉ်တိမ်းမှောက် ယာဉ်နောက်လိုက် ၂ ဦးသေ၊ ၁၄ ဦး ဒဏ်ရာရ
Photo Credit to – မူဆယ်သူမူဆယ်သားများအဖွဲ့- ဇွန်လ ၁၄ ရက် မူဆယ်သူယာဉ်တိမ်းမှောက်သည့်မြင်ကွင်း
Photo Credit to – မူဆယ်သူမူဆယ်သားများအဖွဲ့- ဇွန်လ ၁၄ ရက် မူဆယ်သူယာဉ်တိမ်းမှောက်သည့်မြင်ကွင်း



သျှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ တုန်ခန်ကျေးရွာ အနီးတွင် ယနေ့ မနက် ရ နာရီခွဲ ဝန်းကျင် ၌ မန္တလေး- မူဆယ် ခရီးသည် တင်ယာဉ် တိမ်းမှောက်ပြီး ယာဉ်နောက်လိုက် ၂ ဦးသေဆုံး၊ ခရီးသည် ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မန္တလေး မှ မူဆယ်သို့တက်လာသည့် မူဆယ်သူ ခရီးသည် တင် မှန်လုံ ကားသည် အရှိန်ဖြင့် မောင်းလာပြီး လူတင်ဆောင်လာသည့်ဗင်ကားအား တိုက်မိကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ သည် ဟု မူဆယ်မြို့ ဂရုဏာလူမှု ကူညီရေးအသင်းမှ ဦးသောင်းထွန်းက ပြောသည်။

“ ယာဉ်တိမ်းမှောက်မှု မှာ စပယ်ယာ ၂ ဦးသေ၊ ခရီးသည် ၁၄ ဦး ဒဏ်ရာရတယ်။ ဒဏ်ရာကတော့စိုးရိမ်မှု မရှိဘူး။ အခု ပြည်သူ့ဆေးရုံ ပို့ထားတယ်” ဟု ဦးသောင်းထွန်း က ဆိုသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်သည့နေရာသည် ယခင်ကလည်း မကြာခဏ ဖြစ်ပွားခဲ့ဖူးသည့်နေရာ ဖြစ်ပြီး၊ ယာဉ်မောင်းများအနေဖြင့် ကားကို အရှိန်လျှော့့မောင်းကြရန် လိုအပ်ကြောင်း ဦးသောင်းထွန်းက ပြောသည်။

ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သတ်ပြီး ယာဉ်မောင်းကို မူဆယ်မြို့ ရဲစခန်း မှ ခေါ်ယူ စစ်ဆေးနေကြောင်း သိရသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...