မူဆယ်သူ မှန်လုံယာဉ်တိမ်းမှောက် ယာဉ်နောက်လိုက် ၂ ဦးသေ၊ ၁၄ ဦး ဒဏ်ရာရ

မူဆယ်သူ မှန်လုံယာဉ်တိမ်းမှောက် ယာဉ်နောက်လိုက် ၂ ဦးသေ၊ ၁၄ ဦး ဒဏ်ရာရ
Photo Credit to – မူဆယ်သူမူဆယ်သားများအဖွဲ့- ဇွန်လ ၁၄ ရက် မူဆယ်သူယာဉ်တိမ်းမှောက်သည့်မြင်ကွင်း
Photo Credit to – မူဆယ်သူမူဆယ်သားများအဖွဲ့- ဇွန်လ ၁၄ ရက် မူဆယ်သူယာဉ်တိမ်းမှောက်သည့်မြင်ကွင်း



သျှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ တုန်ခန်ကျေးရွာ အနီးတွင် ယနေ့ မနက် ရ နာရီခွဲ ဝန်းကျင် ၌ မန္တလေး- မူဆယ် ခရီးသည် တင်ယာဉ် တိမ်းမှောက်ပြီး ယာဉ်နောက်လိုက် ၂ ဦးသေဆုံး၊ ခရီးသည် ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မန္တလေး မှ မူဆယ်သို့တက်လာသည့် မူဆယ်သူ ခရီးသည် တင် မှန်လုံ ကားသည် အရှိန်ဖြင့် မောင်းလာပြီး လူတင်ဆောင်လာသည့်ဗင်ကားအား တိုက်မိကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ သည် ဟု မူဆယ်မြို့ ဂရုဏာလူမှု ကူညီရေးအသင်းမှ ဦးသောင်းထွန်းက ပြောသည်။

“ ယာဉ်တိမ်းမှောက်မှု မှာ စပယ်ယာ ၂ ဦးသေ၊ ခရီးသည် ၁၄ ဦး ဒဏ်ရာရတယ်။ ဒဏ်ရာကတော့စိုးရိမ်မှု မရှိဘူး။ အခု ပြည်သူ့ဆေးရုံ ပို့ထားတယ်” ဟု ဦးသောင်းထွန်း က ဆိုသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်သည့နေရာသည် ယခင်ကလည်း မကြာခဏ ဖြစ်ပွားခဲ့ဖူးသည့်နေရာ ဖြစ်ပြီး၊ ယာဉ်မောင်းများအနေဖြင့် ကားကို အရှိန်လျှော့့မောင်းကြရန် လိုအပ်ကြောင်း ဦးသောင်းထွန်းက ပြောသည်။

ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သတ်ပြီး ယာဉ်မောင်းကို မူဆယ်မြို့ ရဲစခန်း မှ ခေါ်ယူ စစ်ဆေးနေကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...