ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရခိုင်မှ ကျောင်းသားတစ်ဦးမှ မအောင်သည့် ကျောင်းပေါင်း ၂၂ ကျောင်းရှိ

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရခိုင်မှ ကျောင်းသားတစ်ဦးမှ မအောင်သည့် ကျောင်းပေါင်း ၂၂ ကျောင်းရှိ

ရခိုင်ပြည်နယ်အတွင်း ယခုနှစ်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသားကျောင်းသူ တစ်ဦးမျှ မအောင်မြင်သည့်ကျောင်း ၂၂ ကျောင်းရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါကျောင်းများမှာ မြောက်ဦးမြို့နယ် ပျားတဲ အထက၊ မင်းပြားမြို့နယ် ကျောက်ခုတ် အထက(ခွဲ)နှင့် တောင်ရှည်ပြင် အထက(ခွဲ)၊ မြေပုံမြို့နယ် ကျွန်းသာယာ အထက၊ ဝက်ခေါင်း အထက(ခွဲ)၊ မောင်တောမြို့နယ် အလယ်သံကျော် အထက(ခွဲ)၊ အင်းဒင် အထက(ခွဲ)၊ ကျီးကန်းပြင် အထက(ခွဲ)၊ ငန်းချောင်း အထက(ခွဲ)၊ အောင်သပြေ အထက(ခွဲ)၊ ရမ်းဗြဲမြို့နယ် သင်းပန်းချိန် အထက(ခွဲ)၊ ချောင်းဝ အထက(ခွဲ)၊ မကျည်း အထက(ခွဲ)၊ မာန်အောင်မြို့နယ် သစ်ပုံ အထက၊ အိုးဝ အထက(ခွဲ)၊ အမ်းမြို့နယ် ပဒဲကြော အထက(ခွဲ)၊ စခန်းမော် အထက(ခွဲ)နှင့် ကျောက်တော်မြို့နယ် ဝဲကြီးထောင့် အထက၊ မီးဝ အထက(ခွဲ)၊ သစ်တော အထက(ခွဲ)၊ ကျားနင်းကန် အထက(ခွဲ)နှင့် ရသေ့တောင်မြို့နယ် ဒုံးပိုက် အထက(ခွဲ) ကျောင်းတို့ဖြစ်သည်။

“ကျောင်းတစ်ကျောင်းလုံးမှာမှ ဘယ်သူမှမအောင်ဘူးဆိုတာက အကြောင်းအမျိုးမျိုးရှိပါတယ်။ ဆရာအင်အား မပြည့်တဲ့ ကျောင်းလည်းပါကောင်းပါတယ်။ တချို့ကလည်း ကျောင်းတွေမှာ စာအရမ်းတော်တဲ့ ကျောင်းသား တွေက မြို့ကြီးတွေကို ပြောင်းသွားတာတွေလည်းရှိပါတယ်။ နောက်ဆုံးကျောင်းမှာ ကျန်ခဲ့တဲ့ကလေးတွေက နည်းနည်း ညံ့တဲ့ကလေးတွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစောထွန်းလှက နိရဉ္စရာသို့ ပြောသည်။

၎င်းအပြင် မောင်တောမြို့နယ်အတွင်း မတည်ငြိမ်မှုများကြောင့် ကျောင်းများတွင် ပုံမှန် စာသင်ကြားနိုင်ခြင်းမရှိ၍လည်း မောင်တောမြို့နယ်မှ အထက တစ်ချို့တွင် အောင်မြင်သူ မရှိခြင်း ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ယခင်နှစ်ကလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသူ၊ ကျောင်းသား တစ်ဦးတစ်ယောက်မျှ မအောင်မြင်ခဲ့သည့် ကျောင်း ၂၅ ကျောင်းရှိခဲ့ကြောင်းလည်း သိရသည်။

ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရခိုင်ပြည်နယ်အတွင်းမှ ကျောင်းသူ၊ ကျောင်းသား ၄၂၄၁၆ ဝင်ရောက်ဖြေဆိုခဲ့ရာ ၁၀၁၆၅ အောင်မြင်ခဲ့ပြီး တစ်ပြည်နယ်လုံး၏ အောင်ချက် ရာခိုင်နှုန်းမှာ ၂၃ ဒသမ ၉၇ ရာခိုင်နှုန်းရှိခဲ့ကြောင်းလည်း သိရသည်။

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...