ပဥ္စမမြောက် မြန်မာအမျိုးသမီး သံအမတ်ကြီး ချက်သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ်တာဝန်ထမ်းဆောင်

ပဥ္စမမြောက် မြန်မာအမျိုးသမီး သံအမတ်ကြီး ချက်သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ်တာဝန်ထမ်းဆောင်

ချက်သမ္မတနိုင်ငံတွင် ပြန်လည်ဖွင့်လှစ်မည့် မြန်မာသံရုံး အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေး နှင့် လေ့ကျင့်ရေး ဦးစီးဌာန မှညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုး အား မြန်မာနိုင်ငံ တော် သံအမတ်ကြီး အဖြစ် ခန့်အပ်လိုက်ကြောင်း ဇွန် ၆ ရက် တွင် အစိုးရ မှ ကြေညာချက်ထုတ်လိုက်သည်။

ချက်သမ္မတနိုင်ငံဆိုင်ရာ အထူး အာဏာကုန်လွှဲအပ်ခြင်းခံသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး ဒေါ်ကေသီစိုးသည် မြန်မာနိုင်ငံ၏ ပဥ္စမမြောက် အမျိုးသမီး သံအမတ်ကြီး အဖြစ် သမိုင်းဝင်ခဲ့သည်။

ဒေါ်ကေသီစိုးသည် နိုင်ငံရေးရာ ဦးစီးဌာန ၏ ဥရောပ ဌာနခွဲ ညွှန်ကြားရေးမှူး၊ အီတလီ နိုင်ငံ မြန်မာသံမှူးကြီး ရာထူးများကိုလည်း ယခင်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။

မြန်မာ အမျိုးသမီး သံအမတ်ကြီး အနေဖြင့် ယခင်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများမှာ ဗိုလ်ချုပ် အောင်ဆန်း၏ဇနီး၊ နို်င်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ မိခင် ဒေါ်ခင်ကြည်(အိန္ဒိယ)၊ ဒေါ်ယဉ်ယဉ်မြင့်(ဂျာမနီ)၊ ဒေါ်မော်မော်(နော်ဝေ)နှင့် ဒေါ်အိအိခင်ဧ (အင်ဒိုနီးရှား) တို့ဖြစ်သည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...