တောင်ကြီးတွင် “ ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် သစ်ပင် ၆၀၀ ကျော် စိုက်

တောင်ကြီးတွင် “ ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် သစ်ပင် ၆၀၀ ကျော် စိုက်

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ တွင် ဇွန် ၅ ရက်နေ့ကကျရောက်သည့် “ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့ ” ၌ သစ်ပင်ပေါင်း ၆၀၀ ကျော်ကို ဗုဒ္ဓ တက္ကသိုလ် တွင် စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ သစ်ပင် စိုက်ပျိုးသည် အဖွဲ့များမှာ သစ်ပင်ချစ်သူများ(တောင်ကြီး) အဖွဲ့ နှင့် အတူ FOF CSR (Innlay)၊ Our Lovely World အဖွဲ့ ၊ ကျွန်းတထောင် ဖောင်ဒေးရှင်း အဖွဲ့အပြင် အခြား အဖွဲ့ ၃ဖွဲ့ ပါ ပူးပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ထို့ပြင် တောမီးမရှို့၊ အပင်မခုတ်သည့် နေရာများတွင်လည်း ဆက်လက် စိုက်ပျိုးသွားကြမည် ဟုသိရသည်။

လူတိုင်း တဦးစီ အနည်းဆုံး အပင် တပင်စီ စတင်စိုက်ကြပြီး၊ မိမိထိန်းနိုင်သည့်နေရာ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း ၊ စေတီ၊ စာသင်ကျောင်းစသည့် နေရာများတွင် တနိုင် တပိုင် စလိုက်ကြရန် သစ်ပင်ချစ်သူများ( တောင်ကြီး ) အဖွဲ့ ကပြောဆိုလိုက်သည်။

၂၀၁၉ ခုနစ် ဇွန် ၅ ရက်နေ့ ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် ကမ္ဘာ တဝန်း ရင်ဆိုင်နေရသည့် “ Air Pollution ” “ လေထု ညစ်ညမ်းမှု” သည် ပတ်ဝန်းကျင် ဆိုင်ရာ စိန်ခေါ်မှု တရပ်ဖြစ်နေသည်။

ယခုနှစ် “ ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့” ဆောင်ပုဒ် အနေဖြင့် “ Clearing the Air, Combatting the Air Pollution” “သန့်စင်သော လေ ရှုရှိုက်ဖို့၊ လေထုညစ်ညမ်းမှု တိုက်ဖျက်စို့” ဖြစ်သည်။

သျှမ်းပြည်နယ် တွင်“ လေထု ညစ်ညမ်းမှု” မှာ တနှစ်ထက် တနှစ် ပိုမို များလာပြီး၊ တောတောင် ဖျက်ဆီးမှုလည်း ပိုမိုများလာနေပါသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...