သိန္နီမြို့နယ်တွင် ကျပ်သိန်း ၃၇၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးသယ်ဆောင်သူတဦး လွှတ်မြောက်နေ

သိန္နီမြို့နယ်တွင် ကျပ်သိန်း ၃၇၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးသယ်ဆောင်သူတဦး လွှတ်မြောက်နေ

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့နယ်တွင် မူဆယ်- မန္တလေး ပြည်ထောင်စု ကားလမ်း အိုရီယမ်တယ် တိုးဂိတ်အနီး ကျပ်ငွေ သိန်း ၃၇၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးများတင်ဆောင်လာသောကားတစီးအား ရဲများ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဇွန် ၃ ရက် ည ၁၁ နာရီခွဲက အဆိုပါ စိတ်ကြွ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ ၂ ဦးအနက် အသက် ၃၃ နှစ် အရွယ် လွင်မျိုးအောင် (ခ) အိုက်ပီးကို ဖမ်းဆီးရမိသော်လည်း ကားအကူ ရန်စန်း အသက် (၅၀) မှာ ထွက်ပြေး တိမ်းရှောင် နေကြောင်း သိန္နီမြို့ မရဲစခန်း မှ သိရသည်။

အဆိုပါကားပေါ်မှ မူးယစ်ဆေးဝါးများမှာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၅၀,၀၀၀ ပြား (ကာလတန်ဖိုးငွေ ကျပ်သိန်း ၃၇၀၀၀)၊ ငွေကျပ် ၂ သိန်း နှင့် လက်ကိုင်ဖုန်း တလုံး သိမ်းဆည်း ရမိကြောင်း ရဲစခန်း ၏ ထုတ်ပြန်ချက် အရ သိရသည်။

လက်ရှိမှာတော့ မူးယစ်ဆေးဝါးကို သယ်ဆောင်လာသည့် ကားသမား လွင်မျိုးအောင် (ခ) အိုက်ပီး နှင့် ထွက်ပြေးတိမ်းရှောင်နေသည့် ရန်စန်း ကို မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါး ဆိုင်ရာ ဥပဒေအရ အရေးယူ ထားသည်ဟုသိရသည်။

မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် အသက် ၃၃ နှစ် အရွယ် ကားသမားအားဖမ်းမိကာ အသက် ၅၀ အရွယ် ရန်စန်း တယောက် ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ကြား ထွက်ပြေး တိမ်းရှောင်နိုင်သည်မှာ စဉ်းစားစရာဖြစ်သည်ဟု သျှမ်းပြည်နယ် သိန္နီမြို့မှ ဒေသခံများ ကပြောဆိုသည်။

ယခုလအတွင်း သျှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးသယ်ဆောင်သူများ မကြာခဏ ဖမ်းဆီးရမိပြီး၊ မူးယစ်ဆေးဝါး ဂိုဏ်းခေါင်းဆောင်များကို မဖမ်းဆီးနိုင်သေးပေ။

သျှမ်းပြည်နယ်အတွင်း တပတ်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်ကာ ဖမ်းဆီးရသူ ဦးရေ ၁၀ ဦး အထက် ရှိကြောင်း သိရသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...