ကရင်နှင့်ကချင်လူငယ်များ ဇွဲကပင်တောင်ခြေတွင် အသိပညာဖလှယ်မှုများ ပြုလုပ်

ကရင်နှင့်ကချင်လူငယ်များ ဇွဲကပင်တောင်ခြေတွင် အသိပညာဖလှယ်မှုများ ပြုလုပ်

ကရင်ပြည်နယ် လူငယ်အဖွဲ့များနှင့် ကရင်ပြည်နယ်ကို လေ့လာရေးခရီး ရောက်ရှိနေသည့် ကချင်ပြည်နယ်ရှိ ကျောင်းသားလူငယ်တို့ ယနေ့ (ဇွန် ၃ ရက်) ဖားအံမြို့နယ်၊ ဒုံရင်းတိုက်နယ်ရှိ ဇွဲကပင် တောင်ခြေတွင် တွေ့ဆုံကာ အသိပညာဖလှယ်မှုများပြုလုပ်ခဲ့ကြသည်။

ယနေ့ပြုလုပ်သည့် လူငယ်များတွေ့ဆုံမှုမှာ တိုင်းရင်းသားလူငယ်များ အချင်းချင်း စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုရှိစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း ဦးဆောင်စီစဉ်ပေးသူ တစ်ဦးဖြစ်သည့် နော်ဇမ်းဘာ က ကေအိုင်စီသို့ ယခုလိုပြောသည်။

၎င်းက ̏ တွေ့ဆုံခြင်းအားဖြင့် စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်အောင်၊ တွေ့ဆုံခြင်းအားဖြင့် ချစ်ခြင်း မေတ္တာတွေရှိသွားအောင်၊ တွေ့ဆုံခြင်းအားဖြင့် ငြိမ်းချမ်းခြင်းကို တည်ဆောက်နိုင်အောင် ရည်ရွယ်ထားတာပဲ ဖြစ်ပါတယ်↔ဟုပြောသည်။

တွေ့ဆုံပွဲတွင် ကချင်ပြည်မှ ကျောင်းသားလူငယ်များ၊ ကရင်ပြည်မှ ဒုံရင်းကရင်လူငယ်၊ လှိုင်းဘွဲ လူငယ် ကွန် ယက်၊ ကျေးဇူးတော်နှလုံးသားဂေဟာရှိ ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက် ခဲ့ကြသည်။

ကချင်ပြည်ကျောင်းသားလူငယ်အဖွဲ့မှ ကချင်(ရဝမ်)အမျိုးသမီးဖြစ်သူ ဇီတာက ̏ ဒီက လူငယ်တွေက ဘယ်လို မျိုး ဦးဆောင်နေလဲ၊ ကရင်နှင့် ကချင်လူငယ်တွေရဲ့ ကွာခြားချက်တွေကဘာလဲဆိုတာ သိချင်လို့ လာတာပေါ့ နော်။ ဒီကိုလာတာ အရမ်းဝမ်းသာပါတယ်။ ကရင်လူမျိုးတွေက ဘာသာရေးအရ ခွဲခြားခြင်းမရှိဘဲနဲ့ ဦးဆောင် တဲ့အခါမှာ စည်းလုံးစွာနဲ့ ဦးဆောင်တာကို တွေ့ရတယ်↔ဟုပြောသည်။

ထိုသို့တွေ့ဆုံရာတွင် ပိုင်ယောင်းရွာဘုရားကျောင်း၌ လူငယ်များအပြန်အလှန်မိတ်ဆက်ခြင်း၊ အသိပညာ နှင့် ရိုးရာဓလေ့များဖလှယ်ခြင်း၊ သီချင်းသီဆိုခြင်း၊ ဒုံးအက ကပြခြင်းများအပြင် ကရင်ရွာဖြစ်သည့် မူ့ဆရီးရွာတွင် ရိုးရာဓလေ့များကို လေ့လာခြင်း၊ ကရင်နှင့်ကချင်လူငယ် ချစ်ကြည်ရေးဘောလုံးကန်ခြင်းများ ပြုလုပ်ခဲ့ကြ သည်။

လှိုင်းဘွဲလူငယ်ကွန်ယက်မှ စအောင်မိုးဟိန်းကလည်း ̏ ကချင်လူငယ်တွေနဲ့တွေ့ချင်လို့၊ အမြင်တွေ နှီးနှော ဖလှယ်ချင်လို့ လာခဲ့တယ်။ ဒီနေ့ တွေ့ရတဲ့ ကချင်လူငယ်တွေက ကျနော်တို့ထက် ပညာပိုတတ်တယ်။ အတွေ့ အကြုံ ပိုများတာကို တွေ့ရတယ်↔ဟုပြောဆိုသည်။

ယခုကဲ့သို့ ကရင်နှင့်ကချင်လူငယ်များအချင်းချင်း တွေ့ဆုံမှုမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ယမန်နှစ်၊ ဇူလိုင်လတွင် ပထမဦးဆုံးအကြိမ် တွေ့ဆုံမှုပြုလုပ်ခဲ့ဘူးကြောင်း သိရသည်။

April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...
March 31, 2026
အွန်လိုင်းရုပ်ရှင်ပုံမှန်ကြည့်ရုံဖြင့် လစဉ်ဝင်ငွေရမည်ဟု မက်လုံးပေး ငွေရင်းနှီးခိုင်းသည့်...
Photo: KNU
March 30, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်ရှိ ဒေါနတောင်တန်း အရှေ့ဘက်ခြမ်း ဒေသများကို...