စစ်ပွဲကြောင့် ကလေးငယ်များအပေါ် ကြီးလေးသည့် ချိုးဖောက်မှု ၊ ညှင်းပမ်းနှိပ်စက်မှု အဆုံးသတ်ရန် Save the Children တိုက်တွန်း

စစ်ပွဲကြောင့် ကလေးငယ်များအပေါ် ကြီးလေးသည့် ချိုးဖောက်မှု ၊ ညှင်းပမ်းနှိပ်စက်မှု အဆုံးသတ်ရန် Save the Children တိုက်တွန်း

စစ်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသည့် ကလေးများအပေါ် ကြီးလေးသည့် ချိုးဖောက်မှု အားလုံး နှင့် ညှင်းပမ်း နှိပ်စက်မှု လုပ်ရပ်များ အဆုံးသတ်ရေး လုပ်ဆောင်ပေးရန် Save the Children မှ တိုက်တွန်းလိုက်သည်။

စစ်ပွဲကြောင့် ထိခိုက်နေရသည့် ကလေးငယ်များ အကာအကွယ်ပေးရေးတိုးမြှင့် လုပ်ဆောင်ပေးရန်၊ စစ်ပွဲကြောင့် နေရပ်စွန့်ခွာနေရသည့် ကလေးများအပေါ် ကြီးလေးသည့် ချိုးဖောက်မှုများ အားလုံးနှင့် ညှင်းပန်းနှိပ်စက်မှု လုပ်ရပ် အားလုံးကို အဆုံးသတ်ရေးလုပ်ဆောင်ရန်နှင့်ကလေးများ၏ အခွင့်အရေးများကို အလေးထားရန် Save the Children က မေ ၂၉ ရက်ထုတ် အစီရင်ခံစာတွင် တိုက်တွန်းထားသည်။

ကလေးငယ် များ စာသင်ကျောင်း နှင့် တက္ကသိုလ် များ ဘေးကင်းလုံခြုံသည့် ကြားခံနယ်မြေ ဖြစ်သင့်ပြီး လက်နက်ကိုင် အဖွဲ့အစည်းများ လာရောက် တပ်စွဲ နေထိုင်ခြင်း မရှိသင့်ကြောင်း၊ စာသင်ကျောင်း များတွင် စစ်ဘက်ဆိုင်ရာ ကိစ္စများအတွက် အသုံးပြု ခြင်းသည် ကလေးများ၏ ပညာသင်ကြားခွင့် နှင့် အခြား နိုင်ငံတကာ လူ့အခွင့်အရေး ကို ချိုးဖောက် သည်ဟု အဆိုပါ အစီရင်ခံစာတွင် ရေးသားထားသည်။

“ ပဋိပက္ခ နဲ့ စစ်ဘေး ဒဏ်သင့် ဒေသတွေမှာ နေထိုင်ရတဲ့ ကလေးသူငယ်တွေ ဟာ အကြမ်းဖက် မှု ခေါင်းပုံဖြတ် အမြတ်ထုတ်မှု ညှင်းပန်း နှိပ်စက်မှု နဲ့စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို ပိုပြီး ကြံုတွေ့နိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။ ကလေးတွေရဲ့ ပညာရေး မှာလည်း မကြာခဏ ထိခိုက်မှု တွေရှိနိုင်ပြီး ကျန်းမာရေး စောင့်ရှောက်မှု နဲ့အဟာရ ရရှိမှု မှာလည်းပိုပြီး ခက်ခဲနေပါတယ်” ဟု Save the Children မှ မြန်မာနိုင်ငံ ၏ ဒါရိုက်တာ Michael McGrath က ပြောကြားသည်။

စစ်ပဋိပက္ခ ကြောင့် ကလေးငယ်များ ၏ ပညာရေး ရပ်တန့်သွားခြင်း မရှိဘဲ ဆက်လက် ပညာသင်ကြားခွင့် ရနိုင်ရန် အတွက် မြန်မာ အစိုးရ အနေဖြင့် စာသင်ကျောင်း များ ဘေးကင်းလုံခြံုရေး ကြေညာချက် တွင် လက်မှတ်ရေးထိုး ရန် လည်း Save the Children က တိုက်တွန်းထားသည်။

ကလေး သူငယ်များ၏ ကျန်းမာရေး စောင့်ရှောက်မှု ရရှိခြင်း၊ ပညာသင်ကြားခွင့်၊ အဟာရ ပြည့်ဝမှု နှင့် အကာအကွယ် ပေးခံရမှု၊ ကလေး လုပ်သား နှင့် အသက်မပြည့်မီ အိမ်ထောင်ကျမှုတွင် နိုင်ငံပေါင်း ၁၇၆ နိုင်ငံ အနက် မြန်မာ နိုင်ငံသည် အဆင့် ၁၀၉ တွင် ရပ်တည်နေကြောင်း Save the Children ၏ အစီရင်ခံစာ အရ သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...