ခွင့်ပြုချက်မရ၍ ကုလလက်ထောက်အတွင်းရေးမှူး ရခိုင်စစ်ဘေးရှောင်စခန်းများသို့ မသွားဖြစ်

ခွင့်ပြုချက်မရ၍ ကုလလက်ထောက်အတွင်းရေးမှူး ရခိုင်စစ်ဘေးရှောင်စခန်းများသို့ မသွားဖြစ်

ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိနေသည့် ကမ္ဘာ့ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူး၊ အရေးပေါ်ကယ်ဆယ်တုန့်ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး မစ္စအာရ်ဆူလာမြူလာ (Ursula Mueller) သည် ခွင့်ပြုချက်မရသဖြင့် ရခိုင်စစ်ဘေးရှောင် စခန်းများသို့ မသွားဖြစ်ကြောင်း သိရသည်။

"ရခိုင်ပြည်နယ်မှာ အေအေနဲ့မြန်မာတပ်မတော်တို့ဖြစ် တဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်သူတွေဆီသွားဖို့ အထူးပဲစိတ်ဝင်စားပါတယ်။သွားဖို့အတွက်လည်း ခွင့်ပြုချက်တင်ပါ တယ်။ဒါပေမယ့် လုံခြုံရေးအခြေအနေကြောင်းပေးမသွားပါဘူး။ ဒါကြောင့် သွားလို့ရတဲ့နေရာကိုပဲ သွားဖြစ်ပါတယ်" ဟု မစ္စအာရ် ဆူလာမြူလာ (Ursula Mueller)က ယနေ့ မီဒီယာများသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့်ရက္ခိုင့်တပ်တော်တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ဒေသခံပြည်သူ စစ်ဘေးဒုက္ခသည် သုံးသောင်းကျော်ရှိနေပြီး ထိုစစ်ဘေးဒုက္ခသည်များသို့ သူမ သွား ရောက်တွေ့ဆုံမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

မစ္စအာရ် ဆူလာမြူလာသည် စစ်တွေရှိ မူဆလင် ဒုက္ခသည်စခန်းများသို့သွားရောက်ခဲ့ပြီး အောင်မင်္ဂလာရပ်ကွက်ရှိ မွတ်ဆလင် ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

သူမ၏ ယခုခရီးစဉ်တွင် ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်ရှိ လူသားချင်းစာ နာမှုအကူအညီလိုအပ်သည့် အခြေအနေများ၊ ပဋိပက္ခ၏သက်ရောက်မှု အခြေအနေများကို ကိုယ်တိုင်တွေ့မြင်သိရှိနိုင်ဖို့ ရည်ရွယ်ကြောင်း UN ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...