ကျိုက်ဒုံမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၇ လုံးပျက်စီး

ကျိုက်ဒုံမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၇ လုံးပျက်စီး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့တွင် ဧပြီလ ၂၄ ရက်နေ့ ညနေက လေပြင်း တိုက်ခတ် မှုကြောင့် လူနေအိမ် ၇ လုံးပျက်စီးခဲ့ကြောင်း ပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ကျိုက်ဒုံမြို့၌ အချိန်အခါမဟုတ် မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် အမှတ် (၂) ရပ်ကွက်တွင် အိမ် ၃လုံးနှင့် အမှတ် (၃)ရပ်ကွက် အိမ် ၄လုံး ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီ သို့ ဧပြီလ ၂၅ရက်နေ့တွင် ပြောဆိုသည်။

ပျက်စီးသွားသောနေအိမ်များမှာ ကျပ်ငွေ ၁၀ သိန်းခန့်ဆုံးရှုံးသွားပြီး နေအိမ်အများစုမှာ သွပ်အမိုးများ လန်ထွက်ကာ ပျက်စီးမှု အများဆုံးဖြစ်ခဲ့သည့်အပြင် လူနှင့် တိရိစ္ဆာန် အသေအပျောက်မရှိကြောင်းလည်း သိရသည်။

နေအိမ်ပျက်စီးသွားသော ပြည်သူများအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် အိမ်ဆောက် ပစ္စည်းဖိုး ၆ သိန်းကျပ်၊ ဆန်ရိက္ခာဖိုး ကျပ် ၄သောင်းကျော်နှင့် ကယ်ဆယ်ရေးပစ္စည်းများအား ဧပြီ ၂၅ ရက်နေ့ တွင် သွားရောက်ကူညီမှု များ ပေးခဲ့ပြီဖြစ်ကြောင်းလည်း အဆိုပါဌာန၏ ထုတ်ပြန်ပြောဆိုမှုများအရသိရသည်။

April 4, 2026
ကရင်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းနှင့် လျှပ်စစ်မီး...
Photo: CJ
April 3, 2026
မြဝတီ-ကော့ကရိတ်-ဖားအံသို့ သွားလာ၍ရသည့် တောင်ပေါ်လမ်းမတက်ခင်နေရာကို ဧပြီ ၂ ရက်နေ့တွင် စစ်အုပ်စုက...
Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...