သီပေါတွင်လက်ကျန်စစ်ဘေးရှောင် ရ၀ ခန့် စစ်ရေးငြိမ်ပါက ရွာပြန်မည်ဟုဆို

သီပေါတွင်လက်ကျန်စစ်ဘေးရှောင် ရ၀ ခန့် စစ်ရေးငြိမ်ပါက ရွာပြန်မည်ဟုဆို
Photo Credit to Sipaw Youth / စစ်ဘေးရှောင် မန်လီရွာသားတချို့အားတွေ့ရစဉ်
Photo Credit to Sipaw Youth / စစ်ဘေးရှောင် မန်လီရွာသားတချို့အားတွေ့ရစဉ်

သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့သို့ရောက်ရှိခိုလှုံနေကြသော ကျေးလက်မှစစ်ဘေးရှောင်များအနက် နောက်ဆုံးကျန်ရှိနေသေးသော ရ၀ နီးပါးမှာ စစ်ရေးအခြေအနေငြိမ်သက်ပါက နေရပ်ပြန်တော့ မည်ဖြစ်ကြောင်းသိရသည်။

သီပေါမြို့နားလွယ်ရွာရှိ ဦးလုံးလှဖွန်းဂိုဒေါင်တွင်ခိုလှုံနေသော စစ်ဘေးရှောင် ၆၉ ဦးအနက် ၁၈ ဦးမှာ ဧပြီလ ၆ ရက်နေ့ မနက်ပိုင်းက နေရပ်သို့ပြန်သွားကြပြီး အခြေအနေကြည့်ရှုနေကြောင်းသိရသည်။

စစ်ဘေးရှောင်များကူညီရေးကော်မတီဝင်တဦးက – “တခြားစခန်းကစစ်ရှောင်တွေတော့နေရပ်ကိုအသီးသီးပြန်သွားကြပြီ။ ဦးလုံးလှဖွန်းဂိုဒေါင်ကကျန်နေတဲ့ ၆၉ ယောက်လည်း ၂၀ လောက်က မနေ့ကပြန်သွားကြတယ်။ အခြေအနေကောင်းရင် ဒီ ၁ ရက် ၂ ရက်အတွင်းကျန်တဲ့စစ်ရှောင်တွေပြန်ရဖွယ်ရှိပါတယ် ” – ဟုသျှမ်းသံတော်ဆင့်အားပြောသည်။

လက်ရှိဦးလုံးလှဖွန်းဂိုဒေါင်တွင်ကျန်နေသူများမှာ သီပေါမြို့နယ် ကွန်းဆော့အုပ်စု လွယ်မောက်ရွာမှ ရွာသားများဖြစ်ကြပြီး ၄င်းတို့သည် မတ်လဆန်းပိုင်းက ရောက်ရှိစစ်ဘေးခိုလှုံလာခဲ့ကြဖြစ်ကြောင်းလည်းသိရပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...