ဇွန်လမှ စတင်ကာ ဖုန်းနှင့် ဆက်စပ်အပိုပစ္စည်းများဝယ်ယူပါက အခွန်ဆောင်ရမည်

ဇွန်လမှ စတင်ကာ ဖုန်းနှင့် ဆက်စပ်အပိုပစ္စည်းများဝယ်ယူပါက အခွန်ဆောင်ရမည်

ဖုန်းနှင့် ဆက်စပ်အပိုပစ္စည်းများဝယ်ယူပါက ဝယ်ယူသူထံမှ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို ယခုနှစ် ဇွန်လ ၁ရက်နေ့မှ စတင်ကာကောက်ခံသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်း အခွန်များဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ဧပြီလ ၁ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော အဆိုပါထုတ်ပြန်ချက်တွင် လက်ကိုင်ဖုန်း(Handset) နှင့် ဆက်စပ် ပစ္စည်းများ ရောင်းချသည့် အရောင်းပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ရောင်းချစေရေးကိစ္စဟု ခေါင်းစဉ် တပ်ထားသည်။

ထုတ်ပြန်ချက်၌ လာမည့် ဇွန်လ(၁)ရက်နေ့မှစတင်ကာ ဖုန်းနှင့်ဖုန်းဆက်စပ်အပိုပစ္စည်းများ၏ အရောင်းပြေစာ ပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချရမည်ဖြစ်ပြီး အခွန်တံဆိပ်ကပ်နှိပ်ခြင်းမရှိသည့် ဆိုင်များကို ဒဏ်ငွေရိုက်ခြင်းပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ထိုကြောင့် ယခုနှစ် ဇွန်လ ၁ရက်နေ့မှ စတင်ကာ ဖုန်း နှင့်ဖုန်းဆက်စပ်အပိုပစ္စည်းများကို ဝယ်ယူပါက ဝယ်ယူသူ အနေဖြင့် ပစ္စည်းဝယ်ယူခြင်းတန်ဖိုးအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ပြီး ဝယ်ယူသူထံမှ တပါတည်းကောက်ခံရမည်ဖြစ်ကြောင်း သိရသည်။

အရောင်းပြေစာပေါ်တွင် ကပ်မည့် အခွန်တံဆိပ်ခေါင်းများသည် အနိမ့်ဆုံး ကျပ်၅ဝမှ ကျပ်၁၀၀၊ ကျပ်၂၀၀၊ ကျပ်၅၀၀၊ကျပ် ၁၀၀၀၊ကျပ် ၅၀၀၀၊ကျပ် ၁၀၀၀၀ ကျပ်တန်များဖြစ်ပြီး (အခွန်အမှတ်တံဆိပ်သည် အနိမ့်ဆုံး ၅ဝကျပ်တန် ဖြစ်သောကြောင့် အခွန်ကျပ်ငါးဆယ်အောက် တန်ဖိုးအတွက် အခွန်အမှတ်တံဆိပ် လျော့နည်း ခြင်းမှအပ) ကျသင့်ငွေနှင့်ညီမျှသော အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိသောပြေစာများထုတ်ပေးပါက နီးစပ်ရာအခွန်ရုံးများတွင် တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ပြေစာမပါဘဲ ရောင်းချသည့် အရောင်းဆိုင်များကို တိုင်ကြားပါက တိုင်ကြား သူအား ဆုငွေပေးခြင်း တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာန ပြည်တွင်း အခွန်များဦးစီးဌာနက အသိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...