သီပေါမြို့တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များ ၁၅၀ ကျော်ကျန်

သီပေါမြို့တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များ ၁၅၀ ကျော်ကျန်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ဘုန်းကြီးကျောင်းတွင် ရောက်ရှိခိုလှုံနေကြသော စစ်ဘေးရှောင်များအနက် စစ်ရေးတင်းမာမှုကြောင့်နေရပ်မပြန်နိုင်သေးသူ ၁၅၇ ဦးကျန်နေသေးကြောင်းသိရသည်။

မတ်လ ၂၈ ရက် ယနေ့မနက် ၁၀ နာရီခန့်က သီပေါမြို့နယ် လုံးလှဖွန်းဂိုဒေါင်တွင် ခိုလှုံနေသော လွယ်မောက်ရွာသား ၄၂ ဦးနှင့် နမ့်ဟူးနွဲ့ကျောင်းတိုက်တွင်ခိုလှုံနေသော နမ္မတူမြို့နယ် ပန်လုံအုပ်စုမှ ရွာသား ၅၁ ဦးတို့မှာ နေရပ်သို့ ပြန်သွားခဲ့ကြပြီဖြစ်သော်လည်း နားမခေါ်ဘုန်းကြီးကျောင်းရှိ တွန်ကျိုင်းရွာ၊ လွယ်မောက်ရွာသား ၁၅၇ ဦးမှာ နေရပ်မပြန်နိုင်ကြသေးကြောင်း စစ်ရှောင်ကူညီရေးကော်မတီက ပြောသည်။

ပြန်နိုင်တဲ့ရွာတွေတော့ တဖွဲဖွဲပြန်သွားကြတယ်။ ရွာသားတွေလည်းအခြေအနေကိုကြည့်ပြီး နေနေရတယ်။ စစ်ရေးတင်းမာလာရင် ရွာသားတွေ ပြေးရတယ်။ အခြေအနေငြိမ်ရင်ရွာပြန်ပြီးအလုပ်လုပ်ကြတယ်။ တချို့ဒေသမှာဆိုရင် စစ်ရေးတင်းမာနေသေးတယ် တချို့ဒေသမှာဆိုရင် တိုက်ပွဲတွေဖြစ်နေသေးတယ်။ – ဟု ၄င်းက ပြောသည်။

လက်ရှိတွင် နားမခေါ်ဘုန်းကြီးကျောင်းတွင် တွန်ကျိုင်းရွာသား ၈၈ ဦး၊ နားလွယ်ရွာရှိ လုံးလှဖွန်းဂိုဒေါင်တွင် လွယ်မောက်ရွာသား ၆၉ ဦး ကျန်ရှိနေသေးကြောင်းသိရသည်။

မတ်လ ၂၈ ရက်နေ့ မနက် ၈ နာရီက အစိုးရတပ်မတော် ခမရ ၃၂၄ နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွါးရာ အစိုးရတပ်မတော်မှ စစ်လေယာဉ်ဖြင် ဗုံးကျဲတိုက်ခိုက်ခြင်း၊ မြေပြင်တပ်မှ လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်ခြင်းများရှိကြောင်း သိရပါသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...