သီပေါမြို့နယ် နမ့်မချောင်းတွင်ဆည်ဆောက်မည့်စီမံကိန်းအလိုမရှိကြောင်း Tai Youth Power United လူငယ်အဖွဲ့ပြော

သီပေါမြို့နယ် နမ့်မချောင်းတွင်ဆည်ဆောက်မည့်စီမံကိန်းအလိုမရှိကြောင်း Tai Youth Power United လူငယ်အဖွဲ့ပြော
Photo by Sai Harn-သီပေါမှ Tai Youth Power United လူငယ်များ
Photo by Sai Harn-သီပေါမှ Tai Youth Power United လူငယ်များ

သျှမ်းလူငယ် ၅၀ ကျော်စုပေါင်းပြီး သီပေါမြို့နယ် နမ့်မ ချောင်းပေါ် ဆည်ဆောက်မည့်ကိစ္စအား ဆန့်ကျင်ကန့်ကွက်ကြောင်းသိရသည်။

မတ်လ ၂၁ ရက်နေ့က သီပေါမှ Tai Youth Power United လူငယ် ၅၀ ကျော်မှာ နမ့်မချောင်းတလျှောက် သဘာဝပတ်ဝန်းကျင်လေ့လာရေးခရီးထွက်ရင်း နမ့်မ ပေါ်တည်ဆောက်မည့် ဆည်စီမံကိန်းများမှာလူထုအတွက်အကျိုးမရှိဟုဆိုကာ နားဖဲမ်းရွာအနီး နမ့်မကမ်းနံဘေးတွင် စာရွက်များကိုင်ဆောင်ကာ ဆန့်ကျင်ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

လူငယ်အဖွဲ့ခေါင်းဆောင် စိုင်းသိန်းမြင့် က- လူငယ်တွေ သဘာဝပတ်ဝန်းကျင် မြတ်နိုးတတ်ဖို့ ထိန်းသိမ်းတန်ဖိုးထားတတ်ဖို့ရည်ရွယ်ပြီး နမ့်မ ချောင်းတလျှောက် လေ့လာရေးခရီးထွက်တယ်။ နမ့်မ ချောင်းပေါ်မှာ ကုမ္မဏီတခုကနေ ဆည်ဆောက်ဖို့ ရှိတယ်လို့ကြားရတဲ့အတွက် ဒီ လေ့လာရေးလူငယ်အဖွဲ့က ဒီဆည်တွေကိုမလိုချင်ဘူးဆိုပြီး ဆည်အလိုမရှိကြောင်း စာရွက်ပေါ်မှာ သျှမ်းဘာသာစာနဲ့ ရေးသားပြီး နမ့်မ ချောင်းဘေး မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ် – ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

လူငယ်များ ကိုင်ဆောင်ထားသော စာရွက်ပေါ်တွင် – နမ့်မချောင်းသည် ကျနော်တို့၏အသက်သွေးကြော။ နမ့်မ ချောင်းပေါ်ဆည်ဆောက်ခြင်းအလိုမရှိ – ဟုရေးသားထားကြောင်းသိရသည်။

မည်သည့်ကုမ္မဏီက မည်သည့်အချိန်တွင်စတင်တည်ဆောက်မည်ကိုတော့ အသေအချာမသိရသေးကြောင်းလူငယ်အဖွဲ့ကပြောသည်။

လက်ရှိတွင်လည်း နမ့်မရွာအနီးတွင် ကျောက်မီးသွေးတူးဖော်နေသည့်စီမံကိန်းရှိနေပြီး ဒေသခံလူထုမှ ဆန့်ကျင်ကန့်ကွက်သော်လည်း အောင်မြင်မှုမရခဲ့ဟုလည်း သိရပါသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...