သီပေါမြို့နယ် နမ့်မချောင်းတွင်ဆည်ဆောက်မည့်စီမံကိန်းအလိုမရှိကြောင်း Tai Youth Power United လူငယ်အဖွဲ့ပြော

သီပေါမြို့နယ် နမ့်မချောင်းတွင်ဆည်ဆောက်မည့်စီမံကိန်းအလိုမရှိကြောင်း Tai Youth Power United လူငယ်အဖွဲ့ပြော
Photo by Sai Harn-သီပေါမှ Tai Youth Power United လူငယ်များ
Photo by Sai Harn-သီပေါမှ Tai Youth Power United လူငယ်များ

သျှမ်းလူငယ် ၅၀ ကျော်စုပေါင်းပြီး သီပေါမြို့နယ် နမ့်မ ချောင်းပေါ် ဆည်ဆောက်မည့်ကိစ္စအား ဆန့်ကျင်ကန့်ကွက်ကြောင်းသိရသည်။

မတ်လ ၂၁ ရက်နေ့က သီပေါမှ Tai Youth Power United လူငယ် ၅၀ ကျော်မှာ နမ့်မချောင်းတလျှောက် သဘာဝပတ်ဝန်းကျင်လေ့လာရေးခရီးထွက်ရင်း နမ့်မ ပေါ်တည်ဆောက်မည့် ဆည်စီမံကိန်းများမှာလူထုအတွက်အကျိုးမရှိဟုဆိုကာ နားဖဲမ်းရွာအနီး နမ့်မကမ်းနံဘေးတွင် စာရွက်များကိုင်ဆောင်ကာ ဆန့်ကျင်ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

လူငယ်အဖွဲ့ခေါင်းဆောင် စိုင်းသိန်းမြင့် က- လူငယ်တွေ သဘာဝပတ်ဝန်းကျင် မြတ်နိုးတတ်ဖို့ ထိန်းသိမ်းတန်ဖိုးထားတတ်ဖို့ရည်ရွယ်ပြီး နမ့်မ ချောင်းတလျှောက် လေ့လာရေးခရီးထွက်တယ်။ နမ့်မ ချောင်းပေါ်မှာ ကုမ္မဏီတခုကနေ ဆည်ဆောက်ဖို့ ရှိတယ်လို့ကြားရတဲ့အတွက် ဒီ လေ့လာရေးလူငယ်အဖွဲ့က ဒီဆည်တွေကိုမလိုချင်ဘူးဆိုပြီး ဆည်အလိုမရှိကြောင်း စာရွက်ပေါ်မှာ သျှမ်းဘာသာစာနဲ့ ရေးသားပြီး နမ့်မ ချောင်းဘေး မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ် – ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

လူငယ်များ ကိုင်ဆောင်ထားသော စာရွက်ပေါ်တွင် – နမ့်မချောင်းသည် ကျနော်တို့၏အသက်သွေးကြော။ နမ့်မ ချောင်းပေါ်ဆည်ဆောက်ခြင်းအလိုမရှိ – ဟုရေးသားထားကြောင်းသိရသည်။

မည်သည့်ကုမ္မဏီက မည်သည့်အချိန်တွင်စတင်တည်ဆောက်မည်ကိုတော့ အသေအချာမသိရသေးကြောင်းလူငယ်အဖွဲ့ကပြောသည်။

လက်ရှိတွင်လည်း နမ့်မရွာအနီးတွင် ကျောက်မီးသွေးတူးဖော်နေသည့်စီမံကိန်းရှိနေပြီး ဒေသခံလူထုမှ ဆန့်ကျင်ကန့်ကွက်သော်လည်း အောင်မြင်မှုမရခဲ့ဟုလည်း သိရပါသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...