“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိုင်းမောပေါက်ကွဲမှု ၁၆ ဦး သေ၊ ၄၈ ဦး ဒဏ်ရာရ

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိုင်းမောပေါက်ကွဲမှု ၁၆ ဦး သေ၊ ၄၈ ဦး ဒဏ်ရာရ
ဓာတ်ပုံ - Nyi Rang's Facebook Account
ဓာတ်ပုံ - Nyi Rang's Facebook Account

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိုင်းမောမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ၁၆ ဦးသေဆုံးခဲ့သည်ဟု UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ဆိုသည်။

“ မိုင်းမောမြို့ မတော်တဆပေါက်ကွဲမှုမှာ ၁၆ ဦးသေဆုံးပြီး ၄၈ ဦးဒဏ်ရာရကြောင်းသိရှိရပါတယ်” ဟု ဦးညီရန်းက ဆိုသည်။

အဆိုပါ ပေါက်ကွဲမှုသည် ဆောက်လုပ်ရေးလုပ်ငန်းသုံး ခဲယမ်းများ ၊ ဂတ်စ် အိုးများ သိုလှောင်ထားရာ နေရာလည်း ဖြစ်ပြီး မည်သည့်အကြောင်းကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကိုမူ စုံစမ်းဆဲသာ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားရာ မိုင်းမောမြို့သည် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည် ပန်ဆန်းမြို့နှင့်  မိုင် ၇၀ ကျော် ကွာဝေးသည့် မြို့တစ်မြို့လည်းဖြစ်သည်။

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့တွင် ဧပြီလ ၁၅ ရက်နေ့မှ စတင်ပြီး ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားကျင်းပရန် ရှိနေကာ အဆိုပါအခမ်းအနားအတွက် ပြင်ဆင်ခြင်းများကို ပန်ဆန်းမြို့တွင်သာမက ယခုပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မိုင်းမောမြို့တွင်လည်း ကြိုတင်ပြင်ဆင်မှုများ ရှိနေသည်။

March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...