မြေယာအငြင်းပွားမှုများကို မှန်မှန်ကန်ကန် ရဲရဲ ဝံ့ဝံ့တင်ပြလာပါက အဂတိကင်းစွာ ဆောင်ရွက်ပေးမည်ဟုဆို

မြေယာအငြင်းပွားမှုများကို မှန်မှန်ကန်ကန် ရဲရဲ ဝံ့ဝံ့တင်ပြလာပါက အဂတိကင်းစွာ ဆောင်ရွက်ပေးမည်ဟုဆို

မြေယာ အငြင်းပွားနေမှုများနှင့်ပတ်သက်ပြီး တောင်သူများအနေဖြင့် မှန်မှန်ကန်ကန်ရဲရဲဝံ့ဝံ့ တင်ပြလာပါက အစိုးရအဖွဲ့မှ အဂတိတရား ကင်းကင်းနှင့်မှန်မှန်ကန်ကန် ဆောင်ရွက်ပေးသွားမည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

မတ်လ ၁၃ ရက် နံနက်ပိုင်းက မန္တလေးအိုးဘို အကျဉ်းထောင်တွင်ပြုလုပ်သည့် မြေယာလျှော်ကြေး ပေးအပ်ပွဲ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ "မှန်မှန်ကန်ကန်နှင့်ရဲရဲဝံ့ဝံ့ တင်ပြစေချင်ပါတယ်။ကျွန်တော်တို့လည်း တတ်နိုင်သမျှ အဂတိကင်းကင်းနဲ့ မှန်မှန်ကန်ကန်ဖြစ်အောင်ဆောင်ရွက်ပေးပါမယ်။"ဟုဒေါက်တာဇော်မြင့်မောင်ကပြောသည်။

မန္တလေးတိုင်းဒေသကြီးသည် မြေအသိမ်းခံရမှုအများဆုံးဖြစ်သလို အရှုပ်အထွေးဆုံးလည်းဖြစ်သောကြောင့် တိုင်းအစိုးရအဖွဲ့အနေဖြင့် စီမံချက်များရေးဆွဲ၍ လုပ်ဆောင်လျက်ရှိသည်ဟု ဒေါက်တာဇော်မြင့်မောင် ကဆိုသည်။

မန္တလေး ဗဟိုအကျဉ်းထောင်(အိုးဘို)တည်ဆောက်ရေးစီမံကိန်းတွင် ပါဝင်သွားသည့် တောင်သူ သုံးဦး ပိုင်ဆိုင်သည့် မြေဧက ၁၃. ၀၂ဧကအတွက် တစ်ဧကလျှင် ကျပ်သိန်း ၃၀၀ နှုန်းနှင့်အောင်ပင်လယ် ဓါတ်အား ခွဲရုံ တိုးချဲ့တည်ဆောက်စဉ် တောင်သူနှစ်ဦးပိုင်ဆိုင်သည့် လယ်ယာမြေဧက ၃.၆ဝဧက ထဲမှ သီးနှံများ ပျက်စီး ခဲ့ခြင်းအတွက် သီးနှံလျှော်ကြေးများ ပေးအပ်ခြင်း၊ဧရာဝတီတံတား(ရတနာပုံ)တည်ဆောက်စဉ် ပါဝင်သွားသည့် တောင်သူ သုံးဦးပိုင် လယ်ယာမြေဧက ၂.၂၄ဧကကို ပြန်လည်စွန့်လွှတ်ပေးခြင်းနှင့်၂.၀၅ဧက အတွက် လျှော်ကြေး ပေးအပ်ခြင်းအခမ်းအနားကို မတ်လ ၁၃ရက်၊နံနက်ပိုင်းက မန္တလေး ဗဟိုအကျဉ်းထောင် (အိုးဘို) တွင်ပြုလုပ်ခဲ့သည်။ ထိုအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် ဝန်ကြီးများက တက်ရောက် ပေးအပ်ခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...