ရဲတပ်ဖွဲ့၏ စက်လှေကို AA က စက်လှေအကြီးဖြင့် ဝင်တိုက်

ရဲတပ်ဖွဲ့၏ စက်လှေကို AA က စက်လှေအကြီးဖြင့် ဝင်တိုက်

စက်လှေဖြင့် လှုပ်ရှားသွားလာနေသည့် ရဲတပ်ဖွဲ့ဝင်များအား AA အဖွဲ့က လက်နက်ဖြင့် ပစ်ခတ်၍ စက်လှေ အကြီးဖြင့် ဝင်တိုက်ခဲ့သဖြင့် တပ်ဖွဲ့ဝင်တစ်ဦး ရေထဲမျောပါပြီး လှေနှင့်အတူ လက်နက်ငယ်တစ်ချို့ နစ်မြုပ်သွားခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

မတ်လ ၁၀ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က ရသေ့တောင်မြို့နယ် အုတ်ဖိုရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် ၁၄ ဦးသည် ညောင်ချောင်းနယ်မြေရုံးသို့ စက်လှေဖြင့် လှုပ်ရှားသွားလာစဉ် မေယုမြစ်နှင့် ကာဒီချောင်းဆုံရာ အနီး အရောက် မျက်နှာချင်းဆိုင်ဘက်မှ စက်လှေအကြီး တစ်စင်းဖြင့် ရောက်ရှိလာသည့် AA (မူရင်းတွင် သောင်းကျန်းသူဟု ဖော်ပြပါရှိ) အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ရဲတပ်ဖွဲ့ဝင်များ၏ စက်လှေကို ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ မတ် ၁၁ ရက်နေ့ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းဖြစ်စဉ်တွင် ရဲတပ်သားတစ်ဦး သေနတ်ဒဏ်ရာရရှိပြီး ရေနှင့်အတူ မျောပါခဲ့သလို ရေထဲနစ်မြုပ်သွားသည့် စက်လှေတွင် လက်နက်ငယ်သုံးလက်ပါရှိသွားသည်ဟု ဆိုသည်။

ကျန် တပ်ဖွဲ့ဝင်များမှာမူ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းကို ကိုးကား၍ ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

AA အဖွဲ့သည် ထိုတိုက်ခိုက််မှုအပြီး မြစ်ကြောင်းအတိုင်း ဂွဆုံဘက်သို့ မောင်းနှင် ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။

မတ်လ ၉ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာ ရဲကင်းစခန်းကို ညသန်းခေါင်တွင် AA အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင်မူ ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...