အဂတိဖြင့် ထိန်းသိမ်းခံရသည့် တနင်္သာရီဝန်ကြီးချုပ်ကို ရမန်ယူကာ ထားဝယ်သို့ ပို့ဆောင်

အဂတိဖြင့် ထိန်းသိမ်းခံရသည့် တနင်္သာရီဝန်ကြီးချုပ်ကို ရမန်ယူကာ ထားဝယ်သို့ ပို့ဆောင်

အဂတိလိုက်စားမှုဖြင့် ထိန်းသိမ်းခံထားရသည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အား ယနေ့ မတ် ၁၁ ရက်နေ့ ၊ မွန်းလွဲပိုင်း ၁ နာရီခွဲအချိန်တွင် ကော့သောင်းမြို့နယ်ရဲစခန်း၏ ရဲဧည့်ရိပ်သာမှ လေဆိပ်သို့ ယာဉ်တန်းဖြင့် ခေါ်ယူသွားကြောင်း သိရသည်။

ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်ကို ယမန်နေ့ မတ်လ ၁၀ ရက်က ကော့သောင်းမြို့တွင် ထိန်းသိမ်းခံထားရ ခြင်း ဖြစ်ပြီး၊ မတ်လ ၁၁ ရက်မှာ ရမန်ယူကာ ထားဝယ်မြို့သို့ ကြောင်းခရီးဖြင့် ပို့ဆောင်သွားဖြစ်ကြောင်း ကော့သောင်းမြို့နယ်ရဲစခန်းရုံးထံမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်၊ Global Grand Services (GGS) ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့အပေါ် မတ်လ ၁၀ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့်  အမှုဖွင့်လှစ် အရေးယူလိုက်ခြင်း ဖြစ်သည်။

တနင်္သာရီဝန်ကြီးချုပ်အား စစ်ဆေးတွေ့ရှိသည့်ကိစ္စရပ်များတွင် ၂၀၁၆ ခုနှစ် ဧပြီလတွင် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် တည်ဆောက်ရေးလုပ်ငန်း၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ တွင် ထားဝယ်တက္ကသိုလ်ဝင်းအတွင်း ချုံနွယ် ရှင်းလင်းခြင်းလုပ်ငန်း၊ ထားဝယ်လေယာဉ်ကွင်း အပြင်ဘက် ချုံနွယ်ရှင်းလင်းခြင်း လုပ်ငန်းများ၊ ၎င်း၏ မိသားစု ပိုင်သည့် သရက်ချောင်းမြို့နယ်၊ မြို့မရပ်၊ မြိတ်-ထားဝယ် ကားလမ်း၊ အိမ်အမှတ် (၆)ရှိ နှစ်ထပ်နေအိမ်နှင့် ဝိုင်းမြေကို ကာလတန်ဖိုး ကျပ် (၃၂၀)သိန်းကျော် ခန့်သာ တန်ဖိုးရှိသော်လည်း ကျပ်သိန်း(၂၀၀၀)ဖြင့် GGS ကုမ္ပဏီသို့ ရောင်းချခဲ့ကြောင်း ကိစ္စရပ်များ ပါဝင်နေသည်။

April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...
April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...
April 20, 2026
ပါခွီး — ဖက်ဒရယ်ဒီမိုကရေးစီရေးအတွက် မတရားဖမ်းဆီး၊ အကျဥ်းကျခံနေရသော ခေါင်းဆောင်များ...