Mizzima TV App ကို အူရီဒူးဆင်းကတ်သုံးစွဲသူများ အသုံးပြုနိုင်ပြီ

Mizzima TV App ကို အူရီဒူးဆင်းကတ်သုံးစွဲသူများ အသုံးပြုနိုင်ပြီ

ပြသပြီးသော ဇာတ်ကားများ၊ အစီအစဉ်များကိုပါ ပြန်လည်ကြည့်ရှုနိုင်မည့် Mizzima TV အပလီကေးရှင်းကို အူရီဒူးဆင်းကတ် သုံးစွဲသူများ အသုံးပြုနိုင်တော့မည် ဖြစ်သည်။

အူရီဒူးမြန်မာနှင့် Mizzima TV တို့ မတ်လ ၁ ရက်နေ့၊ ရန်ကုန်မြို့ရှိ အူရီဒူးမြန်မာရုံးချုပ်တွင် ဒီဂျစ်တယ် ရုပ်သံလိုင်းကို မိုဘိုင်းဖုန်းမှတဆင့် ကြည့်ရှုနိုင်သည့် အထူးသီးသန့်ဝန်ဆောင်မှုကို နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့သည်။

သဘောတူညီမှုအရ ဒီဂျစ်တယ်ရုပ်သံလိုင်းဖြစ်သော Mizzima TV အား အူရီဒူးသုံးစွဲသူများအနေဖြင့် မိုဘိုင်းအက်ပလီကေးရှင်းဖြင့်  နေ့စဉ်အစီအစဉ်များအား အခမဲ့ ကြည့်ရှုနိုင်မည် ဖြစ်သည်။

Mizzima TV တွင် ပြသခဲ့ပြီး ဖြစ်သော အစီအစဉ်များကိုလည်း အက်ပလီကေးရှင်း မှတစ်ဆင့်  ပြန်လည် ကြည့်ရှု( Replay) နိုင်ပြီး နေ့စဉ် (၈ဝကျပ်) သို့မဟုတ် အပတ်စဉ် ၅၀၀ ကျပ်ဖြင့်  ရွေးချယ်ဝယ်ယူနိုင်သည်။  ကြည့်ရှုခွင့်အစီအစဉ်သည် ကြည့်ရှုသူများအတွက် ၄င်းတို့၏  ငွေပေးချေသည့် အစီအစဉ် သက်တမ်းစေ့ သွားသည့်အချိန်တွင်လည်း မည်သည့်အစီအစဉ်မျှ လက်လွှတ်မသွားစေရန် အတွက် အလိုအလျောက် သက်တမ်းတိုးပေးသွားမည် ဖြစ်သည်ဟု သိရသည်။

“ကျွန်တော်တို့ရဲ့ဆောင်ပုဒ် “Be Different” ဆိုတာနဲ့အညီ ကွဲပြားခြားနားမှုတွေကို မဇ္စျိမက အမြဲ လေးစားပြီး နားလည်လက်ခံပါတယ်။ ကျွန်တော်တို့ရဲ တီဗွီအစီအစဉ်တွေက လူငယ်နဲ့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကအလေးထားတာကြောင့် အူရီဒူးရဲ့ ရည်ရွယ်ချက်များနဲ့လည်း ထပ်တူကျပါတယ်။” ဟု မဇ္စျိမမီဒီယာလုပ်ငန်းစု၏ အယ်ဒီတာချုပ်နှင့် မန်းနေဂျင်းဒါရိုက်တာဖြစ်သူ ဦးစိုးမြင့်က ပြောသည်။

Mizzima TV အက်ပလီကေးရှင်းအား Android ဖုန်းများတွင် bit.ly/MizzimaTVကိုဝင်ရောက်၍ ဒေါင်းလုတ် ပြုလုပ်နိုင်ကာ အူရီဒူးဆင်းကတ်ဖြင့့် သုံးစွဲသူများအနေဖြင့် အချိန်နေရာမရွေး Mizzima TV အက်ပလီကေးရှင်းပေါ်တွင် တိုက်ရိုက်ကြည့်ရှုနိုင်သည်။

 “ကျွန်တော်တို့ရဲ့ သုံးစွဲသူပြည်သူတွေရဲ့ ဒီဂျစ်တယ်အတွေ့အကြုံတွေ ပိုမိုကောင်းမွန်စေဖို့ ဆန်းသစ် တဲ့ နည်းပညာတွေကို အမြဲလိုက်လံရှာဖွေနေပါတယ်။ အခုနောက်ပိုင်းဆိုရင် သတင်းအချက်အလက်နဲ့ ဗဟုသုတက တကယ်ကို အရေးကြီးလာတာဖြစ်ပြီး အားလုံးကလည်း သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီီ သိချင်ကြပါတယ်။ Mizzima TV နဲ့အတူ နားလည်မှုစာချွန်လွှာရေးထိုးခွင့်ရတဲ့ အတွက် တကယ်ကို ဝမ်းသာပါတယ်။ ဘာလို့လဲဆိုတော့ ဒီအက်ပလီကေးရှင်းကနေပြီး တကယ်ကို သတင်း အချက် အလက်နဲ့ ပြည်စုံတဲ့ ပညာရေးဆိုင်ရာ အစီအစဉ်တွေအပြင် နောက်ဆုံးရ သတင်းတွေကိုလည်း တင်ဆက် ပြသပေးတာကြောင့်  ဖြစ်ပါတယ် ” ဟု အူရီဒူးမြန်မာ ၏ Acting CEO  ဖြစ်သူ Mr. Alok Verma က ပြောသည်။

March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...