နေရာကျဉ်းကြပ်မှုကြောင့် ဒုက္ခသည်ကလေးငယ်များ ရောဂါကူးစက်မှုပိုများနေ

နေရာကျဉ်းကြပ်မှုကြောင့် ဒုက္ခသည်ကလေးငယ်များ ရောဂါကူးစက်မှုပိုများနေ

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှ လက်ရှိ အဖြစ်များဆုံး ရောဂါဟာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပြီး ကူးစက်ခံနေရတာက အများအားဖြင့် ၅ နှစ်အောက်ကလေး ပိုများနေသည်ဟု စခန်းရှိ ကရင်နီကျန်းမာရေးဌာနထံမှ သိရပါသည်။

“ဘာဖြစ်လို့ အဲဒီရောဂါတွေ ပိုဖြစ်ပွားများသလဲဆိုတော့ အခုကျနော်တို့ နေထိုင်တဲ့နေရာက တအားကျဉ်းတယ်။ တစ်ဦးနဲ့ တစ်ဦး ကူးစက်မှုက တအားလွယ်ကူတယ်” ဟု ကရင်နီကျန်းမာရေးဌာန ဒု-ညွန်ကြားရေးမှူး ဆရာ ဟယ့်နာရီက ပြောသည်။

တစ်ကိုယ်ရေသန့်ရှင်းရေးများအထူးလိုအပ်နေကြကြောင်း၊ ကလေးငယ်များအမြဲဝတ်နေသည့် အဝတ်အစားများကိုလည်း သန့်ရှင်းစွာလျှောဖွတ်ပေးရန်လိုအပ်ကြောင်း၊ မိဘများက ဂရုတစိုက် စောက်ရှောင့်မှုလိုအပ်ကြောင်း ပြောသွားပါသည်။

ကြိုတင်ကာကွယ်သည့်အနေဖြင့် စခန်းတွင်းကျန်းမာရေးဌာနမှ အသိပညာပေးခြင်း၊ အပတ်စဉ် အွန်လိုင်းမှ ထုတ်လွင့်မှုများပြုလုပ်ပေးခြင်းနှင့် ဆေးခန်းသို့ကုသသည့်လူနာများကိုလည်း ဟောပြောခြင်းတို့ ပြုလုပ်လျက်ရှိနေသည်။

” ကျမတို့ မသန့်ရှင်းတဲ့ အစားအစာတွေ၊ သေချာအဖုံးမပိတ်ပဲ ကြာသွားတဲ့ အစားအစာတွေ သွားစားမိရင်လည်း ဝမ်းလျှောတတ်တယ်” ဟု ဝန်ထမ်းတစ်ဦးဖြစ်သူ ဆရာမ မယ်မိုက ပြောသည်။

ကူးစက်ခံနေရတဲ့ လူနာတစ်ဦးဟာ ဆေးခန်းသို့ လာရောက်ကုသ ပြီဆိုရင် ချက်ချင်း လျှင်မြန်စွာ ပျောက်သွားရမည်ဟု ထင်နေကြသည်။

“ဆေးဝါဆိုတာ လိုအပ်မှ ကျနော်တို့က ပေးတယ်ပေါနော်။ မလိုအပ်ရင်တော့ ကျနော်တို့ မပေးဘူး။ ဘာဖြစ်လဲဆိုတော့ ဆေးတွေ များများသောက်ရင် ကလေးကိုလည်း ထိခိုက်တယ်။ လူကြီးပဲဖြစ်ဖြစ် ဆေးများများသောက်ရင် မကောင်းဘူး။ “ဟု ဆရာဟယ့်နာရီက ပြောသည်။

ဝမ်းပျက်ဝမ်းလျှေက်ရောဂါ ကူစက်ခံနေရသည့်လူနာထက်ဝက်ကျော် ၅ နှစ်အောက်ကလေးငယ်နှင့် အသက် ၆၀ ကျော်လူကြီးဖြစ်သည်ဟု သိရသည်။

လက်ရှိ စခန်းအတွင်းရှိ နေထိုင်သည့် လူဦးရေဟာ စုစုပေါင်း ၉၀၀၀ ကျော်ရှိသည်။

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...