နေရာကျဉ်းကြပ်မှုကြောင့် ဒုက္ခသည်ကလေးငယ်များ ရောဂါကူးစက်မှုပိုများနေ

နေရာကျဉ်းကြပ်မှုကြောင့် ဒုက္ခသည်ကလေးငယ်များ ရောဂါကူးစက်မှုပိုများနေ

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှ လက်ရှိ အဖြစ်များဆုံး ရောဂါဟာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပြီး ကူးစက်ခံနေရတာက အများအားဖြင့် ၅ နှစ်အောက်ကလေး ပိုများနေသည်ဟု စခန်းရှိ ကရင်နီကျန်းမာရေးဌာနထံမှ သိရပါသည်။

“ဘာဖြစ်လို့ အဲဒီရောဂါတွေ ပိုဖြစ်ပွားများသလဲဆိုတော့ အခုကျနော်တို့ နေထိုင်တဲ့နေရာက တအားကျဉ်းတယ်။ တစ်ဦးနဲ့ တစ်ဦး ကူးစက်မှုက တအားလွယ်ကူတယ်” ဟု ကရင်နီကျန်းမာရေးဌာန ဒု-ညွန်ကြားရေးမှူး ဆရာ ဟယ့်နာရီက ပြောသည်။

တစ်ကိုယ်ရေသန့်ရှင်းရေးများအထူးလိုအပ်နေကြကြောင်း၊ ကလေးငယ်များအမြဲဝတ်နေသည့် အဝတ်အစားများကိုလည်း သန့်ရှင်းစွာလျှောဖွတ်ပေးရန်လိုအပ်ကြောင်း၊ မိဘများက ဂရုတစိုက် စောက်ရှောင့်မှုလိုအပ်ကြောင်း ပြောသွားပါသည်။

ကြိုတင်ကာကွယ်သည့်အနေဖြင့် စခန်းတွင်းကျန်းမာရေးဌာနမှ အသိပညာပေးခြင်း၊ အပတ်စဉ် အွန်လိုင်းမှ ထုတ်လွင့်မှုများပြုလုပ်ပေးခြင်းနှင့် ဆေးခန်းသို့ကုသသည့်လူနာများကိုလည်း ဟောပြောခြင်းတို့ ပြုလုပ်လျက်ရှိနေသည်။

” ကျမတို့ မသန့်ရှင်းတဲ့ အစားအစာတွေ၊ သေချာအဖုံးမပိတ်ပဲ ကြာသွားတဲ့ အစားအစာတွေ သွားစားမိရင်လည်း ဝမ်းလျှောတတ်တယ်” ဟု ဝန်ထမ်းတစ်ဦးဖြစ်သူ ဆရာမ မယ်မိုက ပြောသည်။

ကူးစက်ခံနေရတဲ့ လူနာတစ်ဦးဟာ ဆေးခန်းသို့ လာရောက်ကုသ ပြီဆိုရင် ချက်ချင်း လျှင်မြန်စွာ ပျောက်သွားရမည်ဟု ထင်နေကြသည်။

“ဆေးဝါဆိုတာ လိုအပ်မှ ကျနော်တို့က ပေးတယ်ပေါနော်။ မလိုအပ်ရင်တော့ ကျနော်တို့ မပေးဘူး။ ဘာဖြစ်လဲဆိုတော့ ဆေးတွေ များများသောက်ရင် ကလေးကိုလည်း ထိခိုက်တယ်။ လူကြီးပဲဖြစ်ဖြစ် ဆေးများများသောက်ရင် မကောင်းဘူး။ “ဟု ဆရာဟယ့်နာရီက ပြောသည်။

ဝမ်းပျက်ဝမ်းလျှေက်ရောဂါ ကူစက်ခံနေရသည့်လူနာထက်ဝက်ကျော် ၅ နှစ်အောက်ကလေးငယ်နှင့် အသက် ၆၀ ကျော်လူကြီးဖြစ်သည်ဟု သိရသည်။

လက်ရှိ စခန်းအတွင်းရှိ နေထိုင်သည့် လူဦးရေဟာ စုစုပေါင်း ၉၀၀၀ ကျော်ရှိသည်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...