တပ်မတော် ထိုးစစ် ရပ်စဲထားသော်လည်း KIO နှင့်ဆွေးနွေးရန် ငြင်းဆန်

တပ်မတော် ထိုးစစ် ရပ်စဲထားသော်လည်း KIO နှင့်ဆွေးနွေးရန် ငြင်းဆန်

နိုင်ငံမြောက်ပိုင်းမှာ တပ်မတော် ထိုးစစ် ၄ လရပ်စဲကြောင်း ဒီဇင်ဘာလ ၂၁ ရက်နေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က ထုတ်ပြန်ခဲ့သော်လည်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ တွေ့ဆုံရန် တောင်းဆိုမှုကို တပ်မတော် ခေါင်းဆောင်များ လုံး၀ လက်မခံကြောင်း KIO က ဆိုပါသည်။

၎င်း ထုတ်ပြန်ချက်ပါ အကြောင်းအရာ အချက်အလက်များကို ပိုမိုသိရှိရန် တပ်မတော် တာဝန်ရှိသူများနှင့် ရင်းနှီးပွင့်လင်းစွာ အသေးစိတ်ဆွေးနွေးအဖြေရှာသွားရန် ဆန္ဒရှိကြောင်း KIO ဗဟိုကော်မတီ ၏ ဒီဇင်ဘာလ ၂၂ ရက်နေ့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါသည်။

ယခုလို KIO အဖွဲ့နှင့် တွေ့ဆုံရန် ငြင်းဆန်လိုက်ခြင်းသည် KIO ဗဟိုကော်မတီ ၏ ဒီဇင်ဘာလ ၂၂ ရက်နေ့ ထုတ်ပြန်ချက် နှင့် KIO ပါဝင်သော မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု ၏ ဒီဇင်ဘာလ ၂၇ ရက်နေ့ ထုတ်ပြန်ချက် နှစ်ခုမှာရှိသော အဓိက ‘နိုင်ငံအနောက်ဘက် ရဏ္ခိုင့်တပ်မတော် AA အား ထိုးစစ်ဆင်မှု အမြန်ဆုံး ရပ်တန့်ပေးရန် နှင့် တနိုင်ငံလုံးအတိုင်းအတာ အပစ်ခတ်ရပ်စဲကြောင်း ကြေညာပေးရန် အကြံပြုချက်ကြောင့် ဖြစ်သည်’ ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် Peace-talk Creation Group (PCG) အဖွဲ့ကို ကိုးကားပြီး နာမည် မဖော်လိုသူ KIO ဗဟိုအရာရှိ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။

တပ်မတော် ထုတ်ပြန်သော ထိုးစစ်ရပ်စဲထားသော ကာလ ၄ လပြည့်မည့် ဧပြီလ ၃၀ နောက်ပိုင်း ယခင်အတိုင်း တမတော် ထိုးစစ် ပြန်စရန် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က PCG အဖွဲ့နှင့် တွေ့ဆုံစဉ် သတိပေး ခြိမ်းခြောက်ခဲ့သည်ဟု ဆိုပါသည်။

ယခုလို တပ်မတော် ၏ ငြင်းဆန်မှု အခြေအနေကြောင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မရှင် (NRPC) နှင့် တွေ့ဆုံလိုကြောင်း KIO က PCG မှ တဆင့် ဆက်လက် တင်ပြ ညှိနှိုင်းမှုကို လက်ခံပြီး ဇန်နဝါရီ ၂၁ ရက်နေ့ တရုတ်ပြည် ကူမင်းမြို့မှာ တွေ့ဆုံရန် သတ်မှတ်နိုင်ခဲ့သည်။

KIO ထိပ်ပိုင်းခေါင်းဆောင် တဦးဖြစ်သော ဗိုလ်ချုပ် Gum Maw ၏ လူမှုရေးကွန်ယက် facebook စာမျက်နှာမှာ “ဗမာတပ်မတော်ကတော့ KIA ကို အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့လို့ ပြောတယ်။ NRPC ကတော့ မည်သို့ပြောမည်မသိ” တွေ့ရင်မေးဖို့ မှတ်သားထားသည်ဆိုပြီး ယမန်နေ့ ဇန်နဝါရီ ၁၇ ရက်စွဲနှင့် ရေးသားဖော်ပြထားပါသည်။

အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ကလည်း ၎င်း၏ လူမှုရေးကွန်ယန် စာမျက်နှာ facebook မှာ “ကချင်လူမျိုးများရဲ့ အမျိုးသားညီလာခံ (ချင်းမိုင်) ကတော့ အောက်ပါအတိုင်း ဖော်ပြထားတယ်။ KIO ကတော့ ဘယ်လို သဘောထား ရှိမလဲ မသိပါ” ဆိုပြီး ပြန်လည် ရေးသားထားပါသည်။

ဇန်နဝါရီ ၁၂ မှ ၁၄ ရက်ထိ ချင်းမိုင်မြို့မှာ ကျင်းပသော ပြည်တွင်း၊ ပြည်ပ ကချင်လူမျိုးများ၏ ညီလာခံတွင် ‘လွတ်သော ကချင်နိုင်ငံတော်’ ကို ထူထောင်ရန် သဘောတူပြီး ၎င်းပန်းတိုင်အတွက် ကချင်သမိုင်း၊ နိုင်ငံတကာ ဥပဒေ နှင့် နိုင်ငံရေးဆွေးနွေးခြင်း နည်းလမ်းများဖြင့် တိုက်ပွဲဝင်သွားရန် ထုတ်ပြန်ထားပါသည်။

တပ်မတော်စစ်ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်ကို ရေးထိုးသော အဖွဲ့များနှင့် မရေးထိုးသေးသောအဖွဲ့များကိုပါ တစ်ဖွဲ့ချင်းစီ တွေ့ဆုံဆွေးနွေးသွားရန် ဖော်ပြထားသော်လည်း လက်တွေ့မှာ KIO နှင့် ဆွေးနွေးခြင်းကို လက်မခံ ငြင်းဆန်နေခြင်းဖြစ်သည်။

ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...
January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...