ရန်အောင်မြင်ကျေးရွာမှ လက်နက်ကြီးကျည်စထိမှန်ခဲ့သည့် လူငယ်နှစ်ဦးတွင် တစ်ဦးစိုးရိမ်ရ

ရန်အောင်မြင်ကျေးရွာမှ လက်နက်ကြီးကျည်စထိမှန်ခဲ့သည့် လူငယ်နှစ်ဦးတွင် တစ်ဦးစိုးရိမ်ရ

ယနေ့ နေ့လည်ပိုင်းက မောင်တောမြို့နယ် ရန်အောင်မြင်ကျေးရွာတွင် လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်တစ်လုံးမီးလောင်ခဲ့ပြီး ၎င်းကျေးရွာမှ အသက် ၁၂ နှစ်အရွယ်လူငယ်တစ်ဦးနှင့် အသက် ၁၈ အရွယ် လူငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကျည်စထိမှန်ခဲ့သည့်လူငယ်နှစ်ဦးမှာ ရန်အောင်မြင်ကျေးရွာနေ မောင်ကျော်နိုင်၊ ၁၂ နှစ်၊ ၂ တန်းကျောင်းသားနှင့် ၎င်း၏အစ်ကိုဖြစ်သူ မောင်ကျော်လှ၊ ၁၈ နှစ်တို့ဖြစ်ကြောင်း သိရသည်။

မောင်ကျော်နိုင်မှာ ဘယ်ဖက်ပခုံးတွင် ဒဏ်ရာရရှိခဲ့ပြီး မောင်ကျော်လှတွင် မျက်နှာ၌ ဒဏ်ရာရရှိခဲ့ကာ လက်ရှိတွင် မောင်တောမြို့နယ်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ဘယ်ဖက်ပခုံးတွင် ဒဏ်ရာရရှိခဲ့သူ မောင်ကျော်နိုင်မှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသည့်အခြေအနေ ဖြစ်ကြောင်း သိရသည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...