ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းသည် တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို ပြိုကွဲစေဟုဆို

ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းသည် တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို ပြိုကွဲစေဟုဆို

ရခိုင်ပြည်နယ်၌ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းသည် တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို ပြိုကွဲစေပြီး လူမျိုးရေး ပဋိပက္ခပြဿနာများကြီးထွား ဖြစ်ပေါ်လာနိုင်သည်ဟု စစ်တွေမြို့ စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေးရဟန်း တော်များက ဇန်နဝါရီလ ၁၄ ရက်နေ့က သဘောထားထုတ်ပြန်လိုက်သည်။

ယင်းကြောင့် တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို ရှေ့ရှုလျက် လက်ရှိဆောင်ရွက်လျက်ရှိသော ၂၁ ရာစုပင်လုံညီလာခံစသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့ဖြင့်သာ တပြေးညီ တွေ့ဆုံဆွေးနွေးအဖြေရှာသင့်ကြောင်း ရဟန်းတော်များက တိုက်တွန်းသည်။

အခြားနေရာများတွင် စစ်ပွဲရပ်စဲမှုပြုလုပ်လျက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတစ်ခုတည်းတွင်သာ ထိုးစစ်ဆင်စစ်ပွဲများရှိနေခြင်းကြောင့် စစ်နှင့်နီးစပ်သော ရခိုင်တစ်ချို့တို့မှာ ဒုက္ခများဖြစ်နေကြသောကြောင့် အခြားနေရာများနည်းတူ ရခိုင်ဒေသကိုလည်း စစ်ပွဲရပ်စဲပေးရန် နိုင်ငံတော်အကြီးအကဲများကို ရဟန်းတော် များက တောင်းဆိုထားသည်။

ယင်းအပြင် စစ်နှင့်နီးစပ်သော ကျေးရွာများနှင့်ပြည်သူတို့အား ထိခိုက်နစ်နာမှု မရှိစေရန်၊ စစ်ဘေး သင့်ပြည်သူ များအား သွားရောက်ကူညီပေးကြသော အဖွဲ့အစည်းများကိုလည်း လူသားချင်းစာနာထောက်ထားမှုကို ရှေ့ရှု လျက် တားဆီးပိတ်ပင်မှုမပြုလုပ်ကြရန်လည်း တောင်းဆိုထားသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော တိုက်ပွဲဖြစ်စဉ်များနှင့် ရရှိထားသော သတင်းများအပေါ် မူတည်၍ UN/INGO/NGO အဖွဲ့အစည်းများကို ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များအတွင်း ခရီးသွားလာခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့်မပြုဟု အစိုးရက ညွှန်ကြား ထားခြင်းဖြစ်သည်။

ယင်းအပြင် ဇန်နဝါရီလ ၇ ရက်နေ့က နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “ရခိုင်ပြည်နယ်၌ နောင်လာမည့် ဆယ်စုနှစ်များစွာ စစ်ပွဲသံသရာလည်သွားတာ မြင်ချင်သလား”စသည်ဖြင့် ပြောဆိုသော စကား များသည် ရခိုင်၊ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးကို ခြိမ်းခြောက်ခံရသည်ဟု ခံစားနေကြရ၍ အလွန်စိတ်ထိ ခိုက် မှုများဖြစ်ရသည်ဟု စည်းကမ်းထိန်းသိမ်းရေးနှင့်ကူညီစောင့်ရှောက်ရေးရဟန်းတော်များက ထုတ်ပြန်ထားသည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...