မြစ်ဆုံကိစ္စ တရုတ်သံရုံး ထုတ်ပြန်ချက်ပေါ် ကချင်ပူးပေါင်းပါတီ တရားဝင် ကန့်ကွက်

မြစ်ဆုံကိစ္စ တရုတ်သံရုံး ထုတ်ပြန်ချက်ပေါ် ကချင်ပူးပေါင်းပါတီ တရားဝင် ကန့်ကွက်

မြစ်ဆုံ ရေကာတာစီမံကိန်း ဒေသခံများ ထောက်ခံကြောင်း မြန်မာနိုင်ငံရှိ တရုတ်သံရုံး ထုတ်ပြန်ချက် နှင့် ပတ်သက်ပြီး ကချင်ပူးပေါင်းပါတီ (၃)ပါတီ မှ တရားဝင် ကန့်ကွက်ကြောင်း ယနေ့ ဇန်နဝါရီ ၁၄ မှာ ထုတ်ပြန်လိုက်သည်။

Mali-N'mai Zup ‘မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်ပြီး ထာဝရ ရပ်ဆိုင်းထားရန် မူဝါဒ သဘောထားရှိ’ ပါကြောင်းကို ထုတ်ပြန်ချက်တွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Mr. Hong Liang လွန်ခဲ့သည့် ၂၀၁၈ ဒီဇင်ဘာလ ၂၈၊ ၂၉ ကချင်ပြည်နယ်သို့လာရောက်ပြီး နိုင်ငံရေးပါတီများ၊ ဘာသာရေးခေါင်းဆောင်များ နှင့် တွေ့ဆုံပြီး ယမန်နေ့ ဇန်နဝါရီ ၁၃ ထုတ်ပြန်ချက်ပေါ် ကချင်ပူးပေါင်းပါတီ အဖွဲ့ဝင် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ KSDP ခေါင်းဆောင် Dr. Manam Tu Ja က ယခုလို ပြောဆိုပါသည်။

“တရုတ်သံအမတ် သဘောထား ထုတ်ပြန်ချက်မှာပါတဲ့အတိုင်း ကျနော်တို့ မပြောမိဘူးဆိုတာကတော့ ကျနော် အမှန်အတိုင်း ပြောချင်ပါတယ်။ ဒါက သူတို့ မှားယွင်း အဓိပ္ပာယ် ကောက်ယူတာ ဖြစ်နိုင်တယ်။ သူတို့ဘက်က တွေ့ဆုံတာ အဖွဲ့လိုက် မတူဘူးလေး။ သီးခြား တွေ့ကြတာ။ တခြား တွေ့တဲ့သူတွေ ဘယ်လိုပြောကြလဲ မသိဘူးလေ။ ကျနော်တို့ကတော့ မပြောခဲ့ဘူး။”

ထို့အပြင် သံအမတ်နှင့် သီးသန့် တွေ့ဆုံခဲ့သော ကချင်နှစ်ခြင်း ခရစ်ယန်အဖွဲ့ချုပ် KBC ဥက္ကဌ Rev. Dr. Hkalam Samson က လည်း ‘မြစ်ဆုံစီမံကိန်းကို ထောက်ခံကြောင်း ပြောဆိုခြင်း မရှိခဲ့ဘူး’ ဟု ကချင်သတင်းဌာန KNG ကို ငြင်းဆိုသည်။

နောက်ထပ် သံအမတ်ကြီးနှင့် သီးခြားတွေ့ဆုံခဲ့သော လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP ဥက္ကဌ ဦးရွှေမင်းကတော့ လက်ရှိပြည်သူ့အစိုးရ ဦးဆောင်မှုအတိုင်း ပူးပေါင်းသွားမည်ဟု ကချင်သတင်းဌာန KNG ကို ပြောပါသည်။

“အစိုးရဟာ ပြည်သူ့အစိုးရ ပြည်သူ ရွေးကောက်ထားတာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့အစိုးရဖြစ်တဲ့အတွက် ဘယ်လိုမဆို လူထုမျက်နှာကို ငဲ့မှာဘဲ သူက။ လူထုအကျိုးရှိမယ် နိုင်ငံတော်အကျိုးရှိမယ်ဆို ကျနော်တို့က ကန့်ကွက်ဖို့ မရှိတော့ဘူး။ ဒါပေမယ့် ကျနော်တို့လည်း အစည်းဝေးထိုင်ရမယ်။ ဒါပေမယ့် နိုင်ငံတော်နဲ့ အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ ပုံစံတော့ပြောထားတယ်။”

ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...
January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...