ဖိုးလုံးသေဆုံးမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသည့် ကိုရဲဇော်ကို ချုပ်ရမန်ထပ်ယူ

ဖိုးလုံးသေဆုံးမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသည့် ကိုရဲဇော်ကို ချုပ်ရမန်ထပ်ယူ

စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ တပ်ကြပ်ဝင်းထိုက်(ခ)ဖိုးလုံး သေနတ်ဖြင့်လုပ်ကြံခံရပြီး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ စစ်တွေအမှတ်(၁)ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးခံနေရသူ ကိုရဲဇော်အား စစ်တွေမြို့နယ် တရား ရုံးတွင် ယနေ့ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ချုပ်ရမန်ထပ်ယူထားကြောင်း သိရသည်။

ကိုရဲဇော်ကို ဒီဇင်ဘာ ၁၅ ရက်နေ့က ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပရာ  ရန်ကုန်တိုင်းရင်းသား ကျေးရွာတွင်ဖမ်းဆီးကာ စစ်တွေမြို့သို့ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် စစ်ဆေးရန် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ယင်းနောက်တွင် ကိုရဲဇော်အား စစ်တွေမြို့နယ်တရားရုံးတွင် ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၈ ရက်နေ့အထိ တစ်ကြိမ်နှင့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိတစ်ကြိမ် ချုပ်ရမန်ယူပြီး စစ်ဆေးခဲ့သည်။

ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်း ကိုရဲဇော်မှာ ရောဂါဝေဒနာအချို့ခံစားရမှုကြောင့် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရပြီး လက်ရှိတွင် ကျန်းမာရေးကောင်းမွန်လာပြီဖြစ်ကြောင်း ၎င်းနှင့်ရင်းနှီးသူများက ပြောသည်။

စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ ဖိုးလုံးသေဆုံးမှုနှင့်ပတ်သက်ပြီး ဇနီးဖြစ်သူ ဒေါ်မွှေးဇာနည်အောင်က တရားလိုပြုလုပ် တိုင်တန်းသောကြောင့် စစ်တွေမြို့ အမှတ်(၂)ရဲစခန်းတွင် (ပ) ၉၀/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားကြောင်း သိရသည်။

လက်ရှိတွင် ၎င်းအမှုအား မှုခင်းတပ်ဖွဲ့(CID)မှ စစ်ဆေးလျက်ရှိသည်ဟုလည်း စစ်တွေမြို့နယ် ရဲစခန်းမှ သိရသည်။

ဓါတ်ပုံ - Gambarri

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...