ရခိုင်ပြည်နယ်တရားလွှတ်တော်ရုံးဝင်းအတွင်း မီးလောင်မှုတွင် ဆိုင်ကယ် ၄၇ စီးနှင့် ကားတစ်စီးဆုံးရှုံး၊ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းကို စုံစမ်းဆဲ

ရခိုင်ပြည်နယ်တရားလွှတ်တော်ရုံးဝင်းအတွင်း မီးလောင်မှုတွင် ဆိုင်ကယ် ၄၇ စီးနှင့် ကားတစ်စီးဆုံးရှုံး၊ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းကို စုံစမ်းဆဲ

ဇန်နဝါရီလ ၉ ရက်နေ့ ညနေ့ ၁၁ နာရီခွဲအချိန်က စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်တရားလွှတ်တော်ရုံးဝင်းအတွင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၎င်းမီးလောင်မှုတွင် သက်သေခံအဖြစ်သိမ်းဆည်းထားသည့် ဆိုင်ကယ် ၄၇ စီးနှင့် ကားတစ်စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရသည်မှာ မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို မသိရှိရသေးဘဲ ရဲတပ်ဖွဲ့မှ စုံစမ်း နေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ဆန်းဝင်းက ပြောသည်။

“စပြီးမီးလောင်ကျွမ်းတာ ဘယ်ကနေ ဘယ်လိုလောင်တယ်ဆိုတာကို အတိအကျမသိသေးပါဘူး။ ရဲက စုံစမ်း နေပါတယ် ” ဟု ဦးကျော်ဆန်းဝင်းက ပြောသည်။

ရခိုင်ပြည်နယ်တရားလွှတ်တော်ရုံးဝင်းအတွင်း၌ မီးလောင်မှုဖြစ်ပွားသည့်နေရာမှာ သက်သေခံ ဆိုင်ကယ်နှင့် ကားများ ထားရှိသည့်နေရာတွင်ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ကား ၄ စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ အခြား နေရာများသို့ ကူးစက်မှုမရှိခဲ့ပေ။

အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် မီးအားပေါ့ဆစွာပြုလုပ်သူ (စိစစ်ဆဲ)အား စစ်တွေမြို့မရဲစခန်းတွင် (ပ) ၁၁၃ /၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆(မီးရှိုးမှု)ဖြင့် အမှုဖွင့် ထားကြောင်း အစိုးရမှ သတင်းထုတ်ပြန်ထားသည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...