နွေရာသီကျောင်းပိတ်ရက် ခမီစာပေသင်ကြားမည်

နွေရာသီကျောင်းပိတ်ရက် ခမီစာပေသင်ကြားမည်

နွေရာသီကျောင်းပိတ်ရက်များတွင် ကျောက်တော်၊ မြောက်ဦး စသည့်မြို့နယ်များရှိ ခမီ ကျောင်းသား/သူများကို ခမီစာပေ သင်ကြားပေးသွားမည်ဖြစ်သည်။

ခမီစာသင်ကြားနိုင်ရန်အတွက် ဆရာဖြစ်သင်တန်းကို စစ်တွေမြို့တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ဇန်နဝါရီလ ၇ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။ ယင်းသင်တန်းကို ခမီတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းက စီစဉ်ပြုလုပ်ခြင်းဖြစ်ပြီး ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ပေါက်တော၊ ဘူးသီးတောင်နှင့် ကျောက်တော် မြို့နယ်များမှ ခမီလူမျိုး ၁၃၀ တက်ရောက်ခဲ့ကြသည်ဟု  ခမီစာပေယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးလေကျော်အောင်က ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းတွင် ရခိုင်လူမျိုးနှင့် ချင်းလူမျိုးတို့သာ မိမိတို့စာပေကို အစိုးရကျောင်းများတွင် သင်ကြားခွင့် ရရှိနေသည်။ ယင်းကြောင့် ခမီလူမျိုးတို့လည်း အစိုးရကျောင်းများတွင် မိမိတို့စာပေကို သင်ကြားခွင့်ရရှိရန် ကြိုးပမ်းနေသည့် ကာလဖြစ်သည်။ အစိုးရကျောင်းတွင် တရားဝင်သင်ကြားခွင့် မရရှိသေးမီ ယခုသင်တန်း တက်ရောက်ခဲ့သူများသည် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများကို ခမီ စာပေသင်ကြားပေးနိုင်ရန် စီစဉ်ခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နွေရာသီကျောင်းပိတ်ရက်တွင်လည်း ခမီစာပေကို  ကျောက်တော်၊ မြောက်ဦး စသည့်မြို့နယ်တို့တွင် ခမီ ကျောင်းသား၊ကျောင်းသူများကို သင်ကြားပို့ချခဲ့သည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...