ရခိုင်ပြည်နယ်ရဲကင်းစခန်းများ တိုက်ခိုက်ခံရမှု EU ရှုတ်ချ၊ အပစ်ရပ်ပါဝင်လာရန် မျှော်လင့်

ရခိုင်ပြည်နယ်ရဲကင်းစခန်းများ တိုက်ခိုက်ခံရမှု EU ရှုတ်ချ၊ အပစ်ရပ်ပါဝင်လာရန် မျှော်လင့်

ရခိုင်ပြည်နယ်တွင် ရဲကင်းစခန်းများကို Arakan Army (AA) တိုက်ခိုက်ခဲ့မှုအပေါ် ရှုတ်ချကန့်ကွက်လိုက်ပြီး အပစ်ရပ်ဒေသများတွင် ရခိုင်ဒေသပါ ပါဝင်လာရန်မျှော်လင့်ကြောင်း ဥရောပသမဂ္ဂ (EU )မှ ကြေညာချက် ထုတ်ပြန်လိုက်သည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံဆိုင်ရာ EU ကိုယ်စားလှယ်အဖွဲ့၏မစ်ရှင်နှင့် EU အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များက ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာမှုကို ချက်ချင်းရပ်တန့်ရမည် ဖြစ်ပြီး AA မှ ရဲကင်း စခန်းများကို တိုက်ခိုက်မှုအား ရှုတ်ချကန့်ကွက်ကြောင်း၊ အသက်များစွာ ဆုံးရှုံးရမှုအတွက် အလွန်အမင်း စိတ်မကောင်း ဖြစ်ရကြောင်း ဖော်ပြပါရှိသည်။

လက်ရှိ အခြေအနေကို ထိန်းချုပ်နိုင်ရန် တောင်းဆိုပြီး သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးအနေဖြင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဥပဒေအရ ၎င်းတို့၏ တာဝန်ဝတ္တရားများကိုလေးစားလိုက်နာခြင်းဖြင့် အရပ်သားများကို ကာကွယ်ရန်် တိုက်တွန်းအပ်ပါသည်ဟု ပါရှိသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲများနှင့် နိုင်ငံရေးဆိုင်ရာလုပ်ငန်းစဉ်များဖြင့်သာ အဆိုပါကိစ္စများကို ကိုင်တွယ် ဖြေရှင်းနိုင်မည်ဟုလည်း EU မှ ဖော်ပြထားသည်။

တပ်မတော်မှ နိုင်ငံ၏ မြောက်ဘက်နှင့်အရှေ့ဘက်ရှိ ပဋိပက္ခဖြစ်ပွားနေသော နယ်မြေအများအပြားတွင် အပစ်အခတ် ရပ်စဲခြင်းအား ဝမ်းမြောက်မိကြောင်း၊ အပစ်ရပ်ကာလ ကြာရှည်စေရန်နှင့် ရခိုင်ပြည်နယ်ပါ ပါဝင်လာရန် မျှော်လင့်ကြောင်း ဖော်ပြပါရှိသည်။

ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှု၊ ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်၊ လူမှုစီးပွားပူးပေါင်းဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ရှေ့ဆက်ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...