(၈) ကြိမ်မြောက် ဒိုင်းနက်(သက္ကမာ)အမျိုးသားနေ့ ကျင်းပ

(၈) ကြိမ်မြောက် ဒိုင်းနက်(သက္ကမာ)အမျိုးသားနေ့ ကျင်းပ

ရခိုင်မျိုးနွယ်စုဝင် ဒိုင်းနက်(သက္ကမာ)လူမျိုးတို့၏ (၈)ကြိမ်မြောက် အမျိုးသားနေ့ကို ဘူးသီးတောင်မြို့နယ်၊ လောင်းချောင်းကျေးရွာတွင် ယနေ့(ဇန်နဝါရီလ ၇ ရက်)၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိမိတို့လူမျိုး၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို အနာဂတ် မျိုးဆက်သစ်လူငယ်များ ထိန်းသိမ်းတက်လာစေရန် ရည်ရွယ်၍ အမျိုးသားနေ့ကို ကျင်းပရခြင်းဟု ပွဲစီစဉ်သူများက ပြောသည်။

ဒိုင်းနက်အမျိုးသားနေ့ကို ပြီးခဲ့သည့် ၂၀၁၂ ခု နှစ်က စတင်ကျင်းပလာခြင်းဖြစ်ပြီး ပထမအကြိမ်ကို မင်းပြားမြို့နယ်၊ လက်ပံကုန်းကျေးရွာတွင် ကျင်းပခဲ့သည်။

ဒိုင်းနက်(သက္ကမာ)လူမျိုးများသည် ဘူးသီးတောင်မြို့နယ်၊ မောင်တော၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့တွင် နေထိုင်ကြပြီး လူဦးရေ ၄ သောင်းနီးပါးခန့်ရှိသည်။ ဒိုင်းနက်လူမျိုးများသည် တောင်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်စားသောက်ကြသည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...