ကျေးရွာအနီး လက်နက်ကြီးကျ၍ ဒေသခံများထွက်ပြေး

ကျေးရွာအနီး လက်နက်ကြီးကျ၍ ဒေသခံများထွက်ပြေး

ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်ချောင်းတစ်လျှောက်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာအနီး လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် ဒေသခံများ ကြောက်လန့် ထွက်ပြေးနေရသည်။

ဇန်နဝါရီလ ၆ ရက်နေ့၊ နံနက်ပိုင်းကဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းတွင် မြိုမချောင်းကျေးရွာအနီး၌ လက်နက်ကြီး (၉) ကြိမ်အထိ ကျရောက်ခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။

“မနေ့ညအချိန်မှာ ရွာအနီးချောင်းတစ်ဖက်က လက်နက်ကြီး (၆)လုံးကျပါတယ်။ ဒီနေ့မနက် (၉) နာရီ လောက်မှာလည်း နောက်ထပ် ၃ လုံးကျပါတယ်။ ဘယ်ကပစ်လဲဆိုတာ မသိဘူး” ဟု မြို့မချောင်းရွာမှ ဒေါ်လှလှအေးက ပြောသည်။

မြို့မချောင်းကျေးရွာအနီးတွင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် လူဦးရေ ၇၀ ခန့်မှာ ကြာညိုပြင်ကျေးရွာသို့ ကြောက်လန့်ထွက်ပြေးလာကြသည်။

ထိုသို့ ထွက်ပြေးလာသူများအား ကြာညိုပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် နေရာချထားကာ စားသောက်ရေးအတွက် ၎င်းရွာမှ ကူညီပေးလျက်ရှိကြောင်း ကြာညိုပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သန်းက ပြောသည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...