ရက္ခိုင့်တပ်မတော်(AA) ကို ချေမှုန်းမည်ဟု အစိုးရထုတ်ပြန်

ရက္ခိုင့်တပ်မတော်(AA) ကို ချေမှုန်းမည်ဟု အစိုးရထုတ်ပြန်
တပ်မတော်က ရဟတ်ယာဉ်သုံးပြီး AA ကို တိုက်ခိုက်စဉ် ခထီးလှကျေးရွာရှိ နေအိမ် (၈)အိမ် မီးလောင်ဆုံးရှုံးခဲ့သည်။
တပ်မတော်က ရဟတ်ယာဉ်သုံးပြီး AA ကို တိုက်ခိုက်စဉ် ခထီးလှကျေးရွာရှိ နေအိမ် (၈)အိမ် မီးလောင်ဆုံးရှုံးခဲ့သည်။

ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုကို ယနေ့ (ဇန်နဝါရီလ ၄ ရက်)၊ နံနက် ၆ နာရီကျော်ခန့်တွင် ရက္ခိုင့်တပ်မတော်(AA)က အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့၍ ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိသွားသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိရောက်စွာ တုန့်ပြန်ချေမှုန်း နှိမ်နင်းသွားမည်ဟု အစိုးရက ထုတ်ပြန်လိုက်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိသည်။ ယခုကဲ့သို့ AA ၏ “အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်”များကြောင့် အခြေအနေများကို ပိုမိုရှုပ်ထွေးစေပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေကာ ပြည်နယ်တွင်း မတည်ငြိမ်မှုများ မြင့်တက်လာစေနိုင်ရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်လာခြင်းဖြစ်ကြောင်း၊ AA ၏ “အကြမ်းဖက်လုပ်ရပ်များ”များကို ချေမှုန်းမည်ဟု ထုတ်ပြန်ခြင်းဖြစ်သည်။

အစိုးရက ရက္ခိုင့်တပ်မတော်(AA)ကို “AA သောင်းကျန်းသူအဖွဲ့”ဟု သုံးနှုန်းထားပြီး တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်ပြီးလည်း “အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်”ဟု သုံးနှုန်းထားသည်ကို တွေ့ရသည်။

ရက္ခိုင့်တပ်မတော်(AA)သည် ငမြင်းဘော်ရဲကင်းစခန်းအား ခန့်မှန်းအင်အား ၁၀၀ ခန့်၊ ကျောင်းတောင်ရဲကင်းစခန်းအား ခန့်မှန်းအင်အား ၁၀၀ ခန့်၊ ဂုပ္ပိရဲကင်းစခန်းအား ခန့်မှန်းအင်အား ၅၀ ခန့်နှင့် ခထီးလှရဲကင်းစခန်းအား ခန့်မှန်းအင်အား ၁၀၀ ခန့်ဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

AA ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ငမြင်းဘော်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရာရရှိသွားသည်။ ကျောင်းတောင်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးကာ ၁ ဦး ဒဏ်ရာ ရရှိသည်။ ဂုပ္ပိရဲကင်းစခန်း မှ ၃ ဦး ဒဏ်ရာရရှိသွားပြီး ခထီးလှ ရဲကင်းစခန်းမှ ၂ ဦးကျဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ လက်နက်ငယ်မျိုးစုံ အလက် ၄၀၊ ခဲယမ်းမျိုးစုံ ၁၆၁၁၁ တောင့်၊ လက်ကိုင် စကားပြောစက် ၁ လုံးဆုံးရှုံးခဲ့သည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားလျှင် ဖြစ်ပွားချင်း လှုပ်ရှားစစ်ကြောင်းများဖြစ်သော အမှတ် (၈) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ စစ်ကူအဖွဲ့များနှင့် တပ်မတော်မှ စစ်ကြောင်းများက စခန်းများသို့ စစ်ကူသွားရောက် ပူးပေါင်းခဲ့ကြသည်။

ငမြင်းဘော်စခန်းသို့ နံနက် ၉ နာရီ ၃၅ မိနစ်တွင်လည်းကောင်း၊ ကျောင်းတောင်စခန်းသို့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ဂုပ္ပိစခန်းသို့ နံနက် ၉ နာရီ မိနစ် ၂၀ တွင်လည်းကောင်း၊ ခထီးလှ စခန်းသို့ နံနက် ၉ နာရီခွဲတွင် လည်းကောင်း ပူးပေါင်းနိုင်ခဲ့ကြသည်။

ငမြင်းဘော်ရဲကင်းစခန်းနှင့် ကျောင်းတောင်ရဲကင်းစခန်းများသို့ စစ်ကူအဖွဲ့ မရောက်ရှိသေးမီ AA အဖွဲ့က ဖိအားပေးတိုက်ခိုက်မှု ပိုမို ပြင်းထန်လာသဖြင့် ရဲတပ်ဖွဲ့ဝင်များက ယင်းစခန်းနှစ်ခုအား စွန့်ခွာခဲ့ရသည်။

ဂုပ္ပိရဲကင်းစခန်းနှင့် ခထီးလှ ရဲကင်းစခန်းနှစ်ခုသည် နံနက် ၇ နာရီခွဲခန့်မှ စ၍ တပ်မတော်စစ်ကြောင်းများ၏ လက်နက်ကြီး ပစ်ကူရရှိခဲ့ပြီး ရဲကင်းစခန်းအတွင်းရှိ တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံတိုက်ခိုက်မှုကြောင့် AA အဖွဲ့များက စခန်းနှစ်ခုအား သိမ်းပိုက်ရရှိရေး အင်အားအလုံးအရင်းဖြင့် ခြံစည်းရိုးကို အကြိမ်ကြိမ် ဖျက်ဆီးထိုး ဖောက်သော်လည်း စခန်းအား သိမ်းပိုက်ရရှိမှုမရှိဘဲ ဝန်းရံပိတ်ဆို့ထားခဲ့သည်။

နံနက် ၈ နာရီ ၁၀ မိနစ်မှ စ၍ ၎င်းကင်းစခန်းများသို့ “တပ်မတော် ရဟတ်ယာဉ် နှစ်စီး”ဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြသည်။ ယင်းအပြင် တပ်မတော်စစ်ကူ စစ်ကြောင်းများက ဝိုင်းပတ်ပိတ်ဆို့ထားသည့် AA အဖွဲ့များကို ပစ်အားသုံး၍ တရစပ်ထိုးစစ်ဆင် ထိုးဖောက်ဝင်ရောက် တိုက်ခိုက်မှုကြောင့် နံနက် ၉ နာရီခွဲခန့်တွင် စစ်ကူစစ်ကြောင်းများနှင့် ပူးပေါင်းမိသဖြင့် AA အဖွဲ့သည် အရှေ့ဘက်သို့ ဆုတ်ခွာသွားခဲ့ကြသည်။

AA အဖွဲ့ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက် တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်းအဖွဲ့များက ပိတ်ဆို့ ရှင်းလင်းလျက်ရှိကြောင်းလည်း အစိုးရက ထုတ်ပြန်ထားသည်။

တပ်မတော်ဘက်က AA အဖွဲ့ကို ရဟတ်ယာဉ်သုံး တိုက်ခိုက်မှုကြောင့် ခထီးလှကျေးရွာရှိ နေအိမ် (၈) အိမ်မှာ မီးလောင်ဆုံးရှုံးသွားကြောင်း ဒေသခံများက ပြောကြသည်။

ရက္ခိုင့်တပ်မတော်အနေဖြင့် အဆိုပါ စခန်းများကို ဝင်ရောက်တိုက်ခိုက်ရခြင်းမှာ ယင်းစခန်းများသည် နယ်ခြားစောင့်စခန်း ဆိုသော်လည်း မြန်မာ့တပ်မတော်ဘက်က နေရာယူထားမှုနှင့် နယ်ခြားစောင့်ရဲများက အရပ်သားများကို ညှင်းပန်းနှိပ်စက်မှုများရှိပြီး မြန်မာ့တပ်မတော်ဘက်က အင်အားအလွန်အကျွံသုံး တိုက်ခိုက်နေမှုကြောင့် ပြန်လည်တိုက်ခိုက်ရခြင်း ဖြစ်သည်ဟု AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက DMG ကိုပြောဆိုထားသည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...