တရုတ်နှင့် မြန်မာ ရထားလမ်းသစ်ဖောက်လုပ်ရေး မြေတိုင်းတာမှုများ စတင်

တရုတ်နှင့် မြန်မာ ရထားလမ်းသစ်ဖောက်လုပ်ရေး မြေတိုင်းတာမှုများ စတင်

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ကြား ရထားလမ်းသစ်တစ်ခု ဖောက်လုပ်နိုင်ရေးအတွက် ကနဦး လမ်းအူကြောင်း နေရာအား လေ့လာစမ်းသပ် မြေတိုင်းတာမှုများအား ဇန်နဝါရီ ၆ ရက်နေ့မှ စတင်ကာ ဆောင်ရွက်လျက်ရှိသည်။

စမ်းသပ်တိုင်းတာမှုများကို မြန်မာ့မီးရထားနှင့် China Railway Eryuan Engineering Group CO.LTD တို့က ပြုလုပ်နေခြင်းဖြစ်ပြီး ရထားလမ်းသစ်မှာ မန္တလေးမှ ကူမင်မြို့ထိ ပေါက်ရောက်မည် ဖြစ်သည်။

စမ်းသပ်တိုင်းတာမှုများကို ဧပြီလထိ ပြုလုပ်မည်ဖြစ်ကာ အပိုင်းနှစ်ပိုင်းခွဲ၍ ဆောင်ရွက်မည်ဟု သိရသည်။

နောင်ချို၊ လားရှိုး လမ်းပိုင်းအား ပထမပိုင်းအနေဖြင့် ဇန်နဝါရီ ၆ ရက်နေ့မှ ဧပြီ ၁၃ ရက်နေ့ထိ စမ်းသပ်တိုင်းတာမည် ဖြစ်ပြီး၊ လားရှိုး ၊ မူဆယ် လမ်းပိုင်းကို ဇန်နဝါရီ ၁၅ ရက်နေ့မှ ဧပြီ ၂ ရက်နေ့ထိ တိုင်းတာမည်လည်း ဖြစ်သည်။

ယခုလို လုပ်ဆောင်ရန် စီစဉ်နေမှုများနှင့် ပတ်သက်၍ ဇန်နဝါရီ ၅ ရက်နေ့က မူဆယ်မြို့တွင် နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့ကြသည်။

ဖောက်လုပ်မည့် မန္တလေး - မူဆယ် ရထားလမ်းပိုင်းအရှည်မှာ ၄၃၁ ကီလိုမီတာ ရှိပြီး တံတားကြီးငယ်အရေအတွက် ၇၇ စင်း ရှိနိုင်မည်ဟု ခန့်မှန်းရသည်။

ထို့ပြင် ဥမင်လိုဏ်ခေါင်း ခန့်မှန်း ၇၇ ခု ရှိနိုင်ပြီး ခန့်မှန်းအရှည် ၁၁၅ ကီလိုမီတာ ရှိနိုင်မည်ဖြစ်သည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက သိရသည်။

လူစီးနှင့် ကုန်တင် ဘူတာ ၇ ခု နှင့် လူစီးသီးသန့် ဘူတာ ၅ ခုအပြင် လမ်းခွဲဘူတာ ၂၄ ခု ပါဝင်မည့် ထိုရထားလမ်းကြောင်းတွင် ပြေးဆွဲမည့် ရထားမှာ လျှပ်စစ်အမြန်ရထားဖြစ်သည်သိရပြီး အမြန်နှုန်း တစ်နာရီလျှင် ၁၆၀ ကီလိုမီတာနှုန်းဖြင့် ပြေးဆွဲမည်ဟု သိရသည်။

ထို ရထားလမ်းအတွက် စမ်းသပ်တိုင်းတာမှုများပြီးစီးသည့်အခါ ဖောက်လုပ်ရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တရားဝင် တင်ဒါခေါ်ယူသွားမည်ဟု ဆိုသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...