နမ္မတူမြို့နယ်တိုက်ပွဲအတွင်း ပိတ်မိနေသောရွာသားများ စစ်ရှောင်စခန်းသို့ ရောက်ရှိ

နမ္မတူမြို့နယ်တိုက်ပွဲအတွင်း ပိတ်မိနေသောရွာသားများ စစ်ရှောင်စခန်းသို့ ရောက်ရှိ
Photo by Lun Sai : မန်စံဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်များအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးမှ ၀င်ရောက်ကြည့်ရှုနေစဉ်
Photo by Lun Sai : မန်စံဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်များအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးမှ ၀င်ရောက်ကြည့်ရှုနေစဉ်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စုတွင် ဖြစ်ပွါးသော တိုက်ပွဲကြောင့် ရွာအတွင်းပိတ်မိနေသည့် မန်ဝါကျေးလက်ရွာသားများ ယမန်နေ့ညက ရွာမှထွက်ခွါလာနိုင်ပြီဖြစ်ကြောင်းသိရသည်။

“နမ္မတူမြို့နယ် စစ်ဘေးရှောင်ကူညီရေးကော်မတီမှ စိုင်းဘဉာဏ်က – မန်ဝါရွာက ရွာသားတွေကို မနေ့ညနေ သွားကြိုလာပါတယ်။ စုစုပေါင်း ၄၇ ယောက်ပါ။ ကလေးနဲ့အမျိုးသမီးတွေ သက်ကြီးပိုင်းတွေပါတယ်။ သူတို့ကို ပုပ္ပါရုံကျောင်းတိုက်မှာ နေရာချထားပေးပါတယ်။ လောလောဆယ်တော့ ဆောင်းတွင်းလည်းဖြစ်နေတော့ အနွေးထည်တွေ ၊ အိပ်ယာခင်း စောင်ထည်တွေလိုတယ် အစားအသောက်တွေ လိုအပ်တယ်။ ” – ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

မန်ဝါရွာသည် ထွက်လမ်းတလမ်းတည်းသာရှိသော ရွာဖြစ်ကြောင်းသိရသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ ညပိုင်းကတည်းက မန်စံအုပ်စုအတွင်းဖြစ်ပွါးသော မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် TNLA နှင့် တောင်ပိုင်းသျှမ်းပြည်တပ်မတော် RCSS/SSA တို့ တိုက်ပွဲကြောင့် နားငူး၊ နားဟန်း၊ နောင်အော့၊ နားကျိုင်းရွာမှ ရွာသား ၄၀၀ ကျော်မှာ မန်စံ မိုင်းမု ဘုန်းကြီးကျောင်းသို့ ရောက်ရှိခိုလှုံနေခဲ့ကြသည်။

“တိုက်ပွဲက မနေ့ကအထိ ပစ်လိုက်ရပ်လိုက်ဖြစ်နေတော့ ရွာသားတွေရွာမပြန်ရဲကြသေးဘူး။ အခုကတိုက်ပွဲက ငြိမ်နေတယ်ဆိုပေမယ့် တပ် ၂ ဖက်ကတော့ ဆုတ်မယ့်အနေအထား မရှိဘူး။ သူတို့လှုပ်ရှားချင်နေတဲ့နေရာဖြစ်နေတာကိုး ။”- ဟု စစ်ရှောင်များအားကူညီမှုပေးနေသည့် လူငယ်တဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်နေ့က အစိုးရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်တွင် တပ်မတော် အနေဖြင့် သျှမ်းပြည်အတွင်းအခြေစိုက် စစ်တိုင်းကြီးလေးတိုင်းအပါအဝင် ၂၀၁၉ ခု ဧပြီလ ၃၀ ရက်နေ့အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအားလုံး ရပ်ဆိုင်းထားမည်ဟုဆိုသည်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အချင်းချင်း တဖွဲ့နှင့်တဖွဲ့ အပြန်အလှန်အင်အားသုံးပြု၍ တိုက်ခိုက်ခြင်း၊ ဒေသခံတိုင်းရင်းသားများအပေါ် အနိုင် ကျင့်ခြင်းများကို မပြုလုပ်ရေး တာဝန်ယူထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်သည်ဟုဆိုသည်။ မထိန်းသိမ်းဘဲ ပြုလုပ်ပါက တပ်မတော်အနေဖြင့် လိုအပ်သလို တားဆီးဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားပါသည်။

May 28, 2026
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး...
May 27, 2026
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှင့် ပင်လောင်းဒေသဘက်များတွင်...
May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...